နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘောလုံး၊ ရိုးရာခြင်းလုံး၊ အေးရိုးဗစ် သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်၊  ဩဂုတ်  ၁၄


ရန်ကုန်တိုင်းဒေသကြီး၊   မှော်ဘီမြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီး ဌာနမှကြီးမှူး၍  မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်နှင့် ပညာရေးဦးစီးဌာနတို့ ပူး ပေါင်းဖွင့်လှစ်သည့် မိုးရာသီ အခြေခံ ဘောလုံး၊ ရိုးရာခြင်းလုံး၊ အေရိုးဗစ် သင်တန်း ဆင်းပွဲကို ယမန်နေ့က အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ ၌ ကျင်းပသည်။


အဆိုပါ အခမ်းအနားတွင် အ.ထ.က ၂ ဘင်ခရာ ကျောင်းသား/ကျောင်းသူများ က တီးခတ်ပြီး နိုင်ငံတော်အလံအားအလေးပြု၍ အခမ်းအနားဖွင့်လှစ်သည်။ 


ထို့နောက် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဝင်းတင်ကိုက အဖွင့် အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ သင်တန်းနည်း ပြများအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ ရိုးရာခြင်းလုံးသရုပ်ပြခြင်း၊ ကျား/မ အုပ်စု ကဗျာလွတ်အကဖြင့် ဖျော်ဖြေခြင်း၊     အေးရိုးဗစ်အကဖြင့် သရုပ်ပြသခြင်းနှင့် Myanmar Fitness Dance ဖြင့် သရုပ်ပြကြကြောင်းသိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ