နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၀ ကျော် အမြန်ဆုံးအလုပ်ရရှိရန် ကူညီပေး

ရန်ကုန်၊ ဩဂုတ် ၁၄


ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ အဆောက်အဦ တစ်ခုတွင် ပိတ်မိနေသည့် မြန်မာရွှေ့ပြောင်း လုပ်သား ၁၆၆ ဦးကို ထိုင်း အလုပ်အကိုင်ဌာနတွင် စာရင်း သွင်းပေးပြီး၊ အလုပ်အမြန်ဆုံး ရရှိစေရန် ကူညီပေးနေကြောင်း မြန်မာအလုပ်သမား သံအရာရှိ ရုံးက ယမန်နေ့က သတင်း ထုတ်ပြန်ထားသည်။


၎င်း မြန်မာလုပ်သားများ သည် Border Pass (နှစ်နိုင်ငံ သဘောတူနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်) ကိုင်ဆောင်ထားသူ များဖြစ်ကြပြီး၊ ရနောင်းက အဆောက်အဦတစ်ခုတွင် ပိတ်မိ နေသဖြင့် ယင်းတို့၏ဆွေမျိုး တစ်ဦးက ဗန်ကောက်အလုပ် သမားသံအရာရှိကို ယခုလ ၉ ရက်က ဆက်သွယ် ခဲ့ခြင်းဖြစ်သည်။ လက်ရှိ တွင် ပိတ်မိနေသည့် မြန်မာလုပ်သား များအတွက် ရနောင်းအလုပ် သမားသံအရာရှိက စားသောက် ဖွယ်ရာအချို့ကို ထောက်ပံ့ပေး ပြီး၊ အလုပ်ရရှိသည့်အချိန်အထိ ကျွေးမွေးနိုင်ရန် တာဝန်ရှိသူများ ထံ မေတ္တာရပ်ခံခဲ့ကြောင်း သိရ သည်။                               CN-015






အခြားဆက်စပ်သတင်းများ