နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂီတပွဲ‌တော် Season-2 သီချင်းဆိုပြိုင်ပွဲ နေပြည်တော်ကိုယ်စားပြုသူများ ရွေးချယ်

ရန်ကုန်၊ ဩဂုတ် ၁၄


တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 သီချင်းဆိုပြိုင်ပွဲတွင် နေပြည်တော်အဆင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် နေပြည် တော် ရှစ်မြို့နယ် ပြိုင်ပွဲဝင် သူများထဲက သုံးဦးကို ယမန်နေ့ က ရွေးချယ်ကြကြောင်း သိရ သည်။ 


အဆိုပါရွေးချယ်ပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြော ကြားပြီး၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး နေပြည်တော်မှ အတွင်းရေးမှူး ဦးအေးကိုကိုက ပြိုင်ပွဲ၏ စည်းမျဉ်း စည်းကမ်း များအကြောင်းကို ရှင်းလင်း ပြောကြားသည်။


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် "တူယှဉ် နွှဲပျော် ဂီတပွဲတော် Season-2" တေးသီချင်းသီဆိုမှုပြိုင်ပွဲတွင် ပထမဆုရရှိသူအား ငွေကျပ်သိန်း တစ်ရာ၊ ဒုတိယဆုရရှိသူအား ငွေကျပ်သိန်းငါးဆယ်၊တတိယ ဆုရရှိသူအား ငွေကျပ်သိန်း သုံးဆယ်နှင့်   နှစ်သိမ့်ဆုရရှိသူ ခုနစ်ဦးအား တစ်ဦးလျှင် ငွေ ကျပ်သိန်း နှစ်ဆယ် ချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။     AKO






အခြားဆက်စပ်သတင်းများ