နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနယ်စပ်ဂိတ်များက လေးလအတွင်း ရေထွက်ကုန်တင်ပို့မှု ကန်ဒေါ်လာ ၅၃ သန်း ကျော်ရှိ

ရန်ကုန်၊ ဩဂုတ် ၁၄


ယခုနှစ် ဧပြီမှ ဇူလိုင်အထိ လေးလတာ ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ဂိတ် သုံးခု က ရေထွက်ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာ ၅၃ သန်းကျော် ရရှိထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်း ထုတ်ပြန်ချက်အရ သိရသည်။


တနင်္သာရီတိုင်းအတွင်းရှိ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ် ရေးစခန်းများဖြစ်သည့် ထီးခီး၊ မောတောင်နှင့် ကော့သောင်း နယ်စပ်စခန်းတို့က မြန်မာ့ ရေထွက်ကုန် တန်ချိန်ပေါင်း ၄၆၉၃၀ ကျော်ကို တင်ပို့ထားပြီး ဖြစ်ကာ၊ ယင်းတို့ကို ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် နှစ်နိုင်ငံနယ်စပ် ဂိတ် သုံးခုက ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ရေထွက်ကုန်တင်ပို့မှုများ အနက် ထီးခီးစခန်းက တင်ပို့မှု မှရရှိငွေ ကန်ဒေါ်လာ ၁၀ ဒသမ ၁၄ သန်းကျော်နှင့် ကော့သောင်းစခန်းက တင်ပို့မှု ရရှိငွေ ကန်ဒေါ်လာ ၄၂ သန်း ကျော်ရရှိခဲ့ပြီး စုစုပေါင်း ၅၃ ဒသမ ၀၄ သန်းရရှိထားကြောင်း သိရသည်။


မြန်မာ့ရေထွက်ကုန်များကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ နေ့စဉ်ပုံမှန်တင်ပို့ နိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ငါးဖမ်းရာသီ အလားတူ လေးလတာကာလ အတွင်း မြန်မာ-ထိုင်းနယ်စပ် ဂိတ်များကတစ်ဆင့် တန်ချိန် ၈၄၀၀၀ ကျော် တင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။

ဥမ္မာစိုး






အခြားဆက်စပ်သတင်းများ