နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုလအတွင်း ကုန်သေတ္တာတင် သင်္ဘော ၅၅ စီး ဆိုက်ကပ်ပြေးဆွဲသွားမည်

ရန်ကုန်၊ ဩဂုတ်  ၃


မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်၏ ကြီးကြပ်စီမံပံ့ပိုးမှုနှင့် ကုန်သေတ္တာဆိပ်ကမ်းတံတား များ၊ သင်္ဘောလိုင်းများနှင့် သွင်း ကုန်ပို့ကုန်လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ၊ ဩဂုတ်အတွင်း လတ်တလော ကုန်သေတ္တာတင် သင်္ဘော  ၅၅ စီး ဆိုက်ကပ်ပြေးဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။


စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များ၊ စက်မှုကုန်ချော ပစ္စည်းများနှင့် အခြားထွက်ကုန် များကို ရေကြောင်းဖြင့်ပို့ဆောင် ရာ၌ ဆိပ်ကမ်းအဝင်/အထွက်တွင် ကုန်စည်မြန်ဆန်စွာ ပို့ဆောင်/ တင်သွင်းနိုင်ခြင်းဖြင့် နိုင်ငံ အတွက် စီးပွားရေးလည်ပတ်မှု ယန္တရားကို အထောက်အကူပြု လျက်ရှိရာ၊ ရေကြောင်းပို့ဆောင် မှုတွင်အရေးပါသော ရန်ကုန် ဆိပ်ကမ်း၌ ဆိပ်ကမ်းငါးခုနှင့် သီလဝါဆိပ်ကမ်းရှိ ဆိပ်ကမ်း နှစ်ခုတို့တွင် ကုန်သင်္ဘောများဖြင့် ရေကြောင်းကုန်သွယ်လျက်ရှိ သည်။


ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတို့ တွင် Export cargo နှင့် Inport cargo နှစ်ပိုင်းဖြင့် ဆောင်ရွက် လျက်ရှိပြီး Export cargo တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လိုအပ်သောအထောက်အထား စာရွက်စာတမ်းဖြင့်ဝင်ခွင့်ပြု၍ အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေး ပြီးနောက် ကုန်ပစ္စည်းတင်ပို့မှု ကိုဆောင်ရွက်သည်။ Inport ကဏ္ဍတွင် ကုန်သင်္ဘောမှချသော ကုန်သေတ္တာများကို ယာယီ စုပုံပြီး Customer များကိုယ်တိုင် စာရွက်စာတမ်းဖြင့် အခွန်အခ ပေးဆောင်၍ ကုန်သေတ္တာကို ထုတ်ယူနိုင်သည်။


ပင်လယ်ကူးသင်္ဘောကြီးများဝင်ထွက်သွားလာနိုင်ခြင်း အားဖြင့် ပြည်ပနိုင်ငံများသို့ကုန် ပစ္စည်းများတင်ပို့ရာတွင် စရိတ် သက်သာခြင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ သင်္ဘောပိုင်ရှင်များ နှင့်ကုန်သည်များအတွက် ရလဒ် ကောင်းများရစေကာ စိုက်ပျိုး ရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုနေကြသည့် တောင် သူလယ်သမားများအတွက်ပါ အကျိုးပိုဖြစ်ထွန်းစေသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ပိုမိုဖော်ဆောင်ပေးနိုင် ကြောင်းသိရသည်။

   နန္ဒာဆွေ(မြို့တော်)






အခြားဆက်စပ်သတင်းများ