နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MNA က ဗုဒ္ဓဂယာနှင့် ဒူဘိုင်းတို့ကို လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်

ရန်ကုန်၊ ဩဂုတ်  ၃


မြန်မာအမျိုးသားလေကြောင်း လိုင်း(MNA)အနေဖြင့် ယခု၂၀၂၂ ခုနှစ်၊ အောက်တိုဘာမှစ၍ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာနှင့်အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE)၊ ဒူဘိုင်းမြို့တို့ကို လေ ကြောင်းခရီးစဉ်များ တိုးချဲ့ ပျံသန်းပြေးဆွဲရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။


နိုင်ငံပိုင်မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) က နိုင်ငံတကာလေကြောင်းခရီးစဉ် များကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ရက် မှစတင်ကာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးခဲ့ကြောင်း၊ ထို့အပြင် ပြီးခဲ့သည့်ဇူလိုင်မှ စ၍ တရုတ်နိုင်ငံနှင့် ကိုရီးယား နိုင်ငံတို့ကို လေကြောင်း ခရီးစဉ် များ တိုးချဲ့ပျံသန်းပြေးဆွဲပေးခဲ့ သဖြင့် လာမည့်အောက်တိုဘာမှ စပြီး အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာနှင့် အာရပ်စော်ဘွားများ ပြည် ထောင်စု(UAE)၊ ဒူဘိုင်းမြို့တို့ကို လေကြောင်းခရီးစဉ်များ တိုးချဲ့ ပြေးဆွဲရန်စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 


“လာမယ့် အောက်တိုဘာ  ဒုတိယပတ်လောက်ကစပြီး တော့ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာကို ဘုရားဖူးသွားကြမယ့်သူတွေ အတွက်ရည်ရွယ်ပြီးတော့ Personal Charter Flight တိုးချဲ့ ပျံသန်းဖို့စီစဉ်ထားပါတယ်။ အဲဒါအပြင် နောက်ထပ်ခရီးစဉ် တစ်ခုက ရန်ကုန်-ဒူဘိုင်း-ရန်ကုန် Direct Flight ပြေးဆွဲဖို့စီစဉ် နေပါတယ်။ အဲဒီလေ ကြောင်း ခရီးစဉ်တွေ စတင်ပြေးဆွဲမယ့် အချိန်နဲ့ မြန်မာအမျိုးသားလေ ကြောင်းလိုင်းအတွက် နောက် ထပ် Boeing လေယာဉ်တစ်စီး ရောက်ရှိလာမယ့်အချိန်ကိုအချိန် ကိုက်ဖြစ်အောင် ရည်မှန်းပြီး စီစဉ်ဆောင်ရွက်နေပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်း လိုင်း(MNA)က အမှုဆောင်အရာရှိ ချုပ်ကပ္ပတိန်ခုပ်ခန့်မုံက ပြော သည်။


မြန်မာအမျိုးသားလေကြောင်း လိုင်း(MNA)က ပျံသန်းပြေးဆွဲ နေသော လေယာဉ်ခရီးစဉ်များ တွင်အားဖြည့်ပြေးဆွဲရန် တတိယ မြောက် နောက်ထပ် Boeing လေယာဉ် တစ်စီး ယခုနှစ်၊ အောက်တိုဘာမတိုင်မီမြန်မာ နိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ပြီး အဆိုပါလေယာဉ်ဖြင့် ပြည်ပ လေကြောင်းခရီးစဉ်များပျံသန်း ပြေးဆွဲပေးသွားရန် စီစဉ်ထား ကြောင်းသိရသည်။


ယခုအခါ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)အနေ ဖြင့် ရန်ကုန်နှင့် စင်ကာပူ၊ ဗန်ကောက်၊ ကွာလာလမ်ပူ၊ အင်ချွန်း၊ ကူမင်းစသည့်မြို့များ အကြား ပြည်ပလေကြောင်းခရီး စဉ်များ ပုံမှန်ပြေးဆွဲပေးလျက် ရှိကြောင်း၊ လက်ရှိတွင် ပြည်ပ လေကြောင်းခရီးစဉ်များပျံသန်း ပြေးဆွဲရာတွင် Boeing လေယာဉ် နှစ်စီးကို အဓိကထားအသုံးပြုနေ ရသောကြောင့် အားဖြည့်ပျံသန်း ပြေးဆွဲနိုင်စေရန် နောက်ထပ် Boeing လေယာဉ်တစ်စီးထပ်မံ မှာယူထားခြင်းဖြစ်ကြောင်း သိရ သည်။

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ