ရန်ကုန်၊ ဩဂုတ် ၃
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင် အဖြစ်လက်ခံကျင်းပသည့် ၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကိုဝင်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ယမန်နေ့ ယှဉ်ပြိုင်မှုတွင် ရေကူးအားကစား နည်းကရွှေတံဆိပ်သုံးခု၊ ပြေး ခုန်ပစ်အားကစားနည်းက ရွှေ တံဆိပ်တစ်ခုနှင့်ကြေးတံဆိပ် တစ်ခု ထပ်မံဆွတ်ခူးရရှိကြ သည်။
မြန်မာအားကစားအဖွဲ့သည် JATIDIRI ရေကူးကန်၌ကျင်းပ သည့်ရေကူးပြိုင်ပွဲနှင့် MANAHAN ကွင်း၌ကျင်းပသော ပြေးခုန်ပစ် ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ အောင်မြင့်မြတ်က အမျိုးသား မီတာ ၂၀ဝ အလွတ်ကူးပြိုင်ပွဲ နှင့် မီတာ ၁၀ဝ ပက်လက်ကူး ပြိုင်ပွဲတွင် ရွှေနှစ်ခု၊ ကျော်ထူးက မီတာ ၅၀ လိပ်ပြာကူးပြိုင်ပွဲတွင် ရွှေတစ်ခု၊ အမျိုးသမီးသံပြားပစ် ပြိုင်ပွဲတွင် ထက်ထက်အေးက ရွှေတစ်ခု၊ အမျိုးသမီးမီတာ ၂၀ဝ အပြေးပြိုင်ပွဲတွင် ဝေဝေသင်းက ကြေးတစ်ခုဆွတ်ခူးရရှိခဲ့ပြီး မြန်မာမသန်စွမ်းအားကစား အဖွဲ့ချုပ်ဥက္ကဌက အမျိုးသမီး သံပြားပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုရရှိခဲ့သည့် ထက်ထက်အေးအားဆုချီးမြှင့်ခဲ့ပြီးမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
၁၁ ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့ ချုပ်အနေဖြင့် ပြေးခုန်ပစ်၊မြား ပစ်၊ဂိုးလ်ဘော၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက်ဘော်လီဘောနှင့် အလေးမအားကစားပြိုင်ပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိပြီး ယမန်နေ့အထိ မြန်မာ မသန်စွမ်းအားကစားအဖွဲ့ချုပ် အနေဖြင့် ရွှေတံဆိပ်ခုနှစ်ခု၊ငွေ နှစ်ခု၊ ကြေးတံဆိပ်သုံးခု စုစု ပေါင်း ၁၂ ခုရရှိလျက်ရှိကြောင်း သိရသည်။
အောင်မြင့်ဌေး (မြို့တော်သတင်း)