နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရထားလမ်းပိုင်းအားလုံး ဆက်လက်ပြေးဆွဲနိုင်ရန် မြန်မာ့မီးရထား ကြိုးပမ်းမည်

ရန်ကုန်၊   ဩဂုတ်  ၃


မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းပိုင်းအားလုံးပြေးဆွဲ နိုင်ခြင်းမရှိသေးသည့်အတွက် ရထားလမ်းပိုင်းများအားလုံး ဆက်လက်ထွက်ခွာပြေးဆွဲနိုင် ရန်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။


မြန်မာ့မီးရထားရုံးချုပ်အနေ ဖြင့် ခရီးသွားပြည်သူများကုန်ကျ စရိတ်သက်သာစွာဖြင့် လိုရာ ခရီးသို့သွားလာနိုင်ရန် ရထား လမ်းပိုင်းများအားလုံးပြေးဆွဲ နိုင်ရေးကို ညှိနှိုင်းဆွေးနွေးကာ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။


လက်ရှိတွင် ဇူလိုင်ကုန်က စ၍ အမှတ် ၁၃ အဆန်/ ၁၄ အစုန် ရန်ကုန်- ပဲခူး လော်ကယ် ရထားကို RBE တွဲဆိုင်းအစား ရထားကြီးတွဲဆိုင်းဖြင့် ပြေးဆွဲ ရန်၊ အမှတ် ၁ အဆန်/၂ အစုန် စာပို့ရထားကို ARR တွဲဆိုင်း ဖြုတ်သိမ်း၍ ABC တွဲဆိုင်းဖြင့် ၁ ရက်ခြားပြေးဆွဲရန်နှင့် အမှတ် ၃ အဆန်/ ၄ အစုန် ရန်ကုန်- မန္တလေးအမြန်ရထားကို နေ့စဉ် ပြေးဆွဲပေးရန်ဆောင်ရွက်ထား ကြောင်း သိရသည်။


ထို့ပြင် အမှတ် ၅ အဆန်/ ၆ အစုန် ရန်ကုန်-မန္တလေးအမြန် ရထားကို တနင်္ဂနွေနှင့် သောကြာ ရက်များတွင်သာ ပြေးဆွဲရန်၊ အမှတ် ၈၉  အဆန်/ ၉၀ အစုန် ရန်ကုန်-မော်လမြိုင်စာပို့ရထား ကိုနေ့စဉ်ပြေးဆွဲပေးရန်၊ အမှတ် ၈၁ အဆန်/ ၈၂ အစုန် ရန်ကုန်- မော်လမြိုင်အမြန်ရထားကို တနင်္ဂနွေနှင့် သောကြာနေ့များ တွင်ပြေးဆွဲရန် ဆောင်ရွက်ထား ကြောင်း သိရသည်။


အမှတ် ၆၁ အဆန်/၆၂ အစုန် ရန်ကုန်- ပြည် အမြန်ရထား ကိုမူ ယာယီရပ်ဆိုင်းထားမည် ဖြစ်ကာ အခြားလမ်းပိုင်းရှိ ရထား များသည် အကြောင်းအမျိုးမျိုး ကြောင့် ပြေးဆွဲမှုမရှိသေးကြောင်း သိရသည်။

ဥမ္မာစိုး






အခြားဆက်စပ်သတင်းများ