နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး ကြိုးပမ်းဆောင်ရွက်

မြန်မာနိုင်ငံတော် သာယာဝပြောရေး၊ ငြိမ်းချမ်းရေးကို  အခြေခံပြီး အလုပ်အကိုင်အခွင့်အလမ်းများကို ဒီမိုကရေစီ နည်းလမ်းနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုင်ငံ အတွင်းရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေ ပြည်သူများဖြစ်သည်။ 


အရွယ်ရောက်သူတိုင်းကောင်းမွန်သည့်လုပ်ငန်းခွင် ဝင်ရောက်နိုင်ရန် အလုပ်အကိုင်၊ အခွင့်အလမ်းသစ်များ ဖန်တီးပေးရန်လိုအပ်သည်။ အလုပ်အကိုင်အခွင့်အလမ်း သစ်များ ဖန်တီးပေးခြင်းဖြင့် ပြည်သူတို့၏ လူနေမှုစနစ်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ လူနေမှုအဆင့်အတန်းမြင့်မား လာသည်နှင့်ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုမည်ဖြစ်သည်။ 


ကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများကို အခြေခံသောအသက်မွေးဝမ်းကျောင်း ပြုသူများဖြစ်သည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ခေတ်မီနည်းစနစ်များအသုံးပြု၍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ 


''အမြန်အကျိုးရလဒ်ဖြစ်စေမဲ့ (Quick Win) လယ်ယာ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းအတွက် ပထမဦးစားပေး ဆောင်ရွက်သွားပါမယ်။ လာမယ့်နွေစပါးနဲ့ ဆောင်းသီးနှံ များအနက် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းစိုက်ပျိုးရေး၊ ကြက်၊ ဝက်၊ ငါး၊ ပုစွန်မွေးမြူရေးနဲ့ တစ်သီးချင်း၊ တစ်သုတ် ချင်း၊ ငွေကြေးစိုက်ထုတ်ပေးပြီး ဆောင်ရွက်ပါမယ်။ ဒုတိယ ဦးစားပေးက အဲ့ဒီထွက်ကုန်ချောဆောင်ရွက်ပေးတဲ့ စက်ရုံ၊ အလုပ်ရုံများအဆင့်မြှင့်တင်ရေး၊ SME မှာ အကျုံးဝင်မယ့် စက်ရုံများတည်ထောင်ရေးကို ဆောင်ရွက်ပါမယ်။ သီးခြား လိုအပ်တဲ့လုပ်ငန်းများအတွက်လည်း တစ်ခုချင်း စီမံဆောင် ရွက်သွားပါမယ်။ ကျွန်တော်ထင်ပါတယ်။ ခြောက်လအတွင်း တိုးတက်မှုရပါလိမ့်မယ်။ (၁)အလုပ်အကိုင်အခွင့်အလမ်း များစွာပေါ်လာမယ်။ (၂)အလုပ်လုပ်သူတိုင်း ဝင်ငွေရလာ မယ်။ (၃)ဝယ်လိုအားတိုးတက်လာမယ်။ (၄)ရောင်းကုန် ပစ္စည်းများတိုးတက်လာတဲ့အတွက် တိုင်းပြည်ဝင်ငွေ ပိုမို တိုးတက်လာပါမယ်။ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာသာ ရှိပါတယ်။ 


တိုင်းပြည်အားနဲ့ တိုင်းပြည်တိုးတက်အောင် လုပ်ကြရပါမယ်"ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁ နှစ်နှင့် ၆ လ (၁၈ လ)ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဩဂုတ် ၁ ရက် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။


နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအကျိုး၊ တိုင်းရင်းသား ပြည်သူလူထုအကျိုးကိုရှေးရှုပြီး ပိုမိုကောင်းမွန်သော နိုင်ငံ တော်နှင့်လူမှုစီးပွားဘဝများကို "ရှေ့သို့ချီမည် ပန်းတိုင်ဆီ" ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူအားလုံး အတူတကွ လက်တွဲပါဝင်ဆောင်ရွက်စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ