နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၄၈ နှစ်မြောက် မြူနီစီပါယ်အက်ဥပဒေနှင့်အညီ ပေါ်ထွန်းလာသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ယနေ့ (၁.၈.၂၀၂၂) သည်၊  ရန်ကုန် မြို့တော်စည်ပင်သာယာ ရေး ကော်မတီ၏ ၁၄၈ နှစ် မြောက် သမိုင်းဝင်အထိမ်းအမှတ် နေ့ဖြစ်သည်။ 


လွန်ခဲ့သည် ၁၄၈ နှစ်ကာလ၊ ၁၈၇၄ ခုနှစ်က၊ ရန်ကုန်မြို့သည်၊ ကိုလိုနီတို့၏ စီးပွားရေးအချက် အချာမြို့တစ်မြို့ ဖြစ်ခဲ့သည်။  ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်သော၊ အုပ်ချုပ်မှုနှင့် အခွန်ကောက်ခံမှု တို့အတွက်၊ မြူနီစီပါယ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ် လာ၍၊ "ရန်ကုန်မြူနီစီပါယ်အက် ဥပဒေ(၁၈၇၄)"  "Rangoon Municipal Act(1874)"ကို ပြဋ္ဌာန်း ကာ၊ ယင်းဥပဒေအရ ရန်ကုန် မြူနီစီပါယ်ကော်မတီကိုလည်း စတင်ဖွဲ့စည်းပြီး၊ အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ်၊ကပ္ပတိန်အီဗာဆင် (Capt.R.C.Evason) ကို တာဝန် ပေးအပ်၍၊ ရန်ကုန်မြူနီစီပါယ် ဥက္ကဋ္ဌအဖြစ် ၁.၈.၁၈၇၄ မှ ၄.၄.၁၈၇၅ အထိ၊ ပထမဆုံး ဥက္ကဋ္ဌ(ယခုအခေါ် မြို့တော်ဝန်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။


 ထို့နောက် ၁၁.၂.၁၈၇၇ မှ ၁၀.၉.၁၈၈၁ အထိ ဒုတိယ အကြိမ် တာဝန်ယူခဲ့သည်။


ထို့ကြောင့် ရန်ကုန်မြူနီစီ ပါယ်အဖွဲ့ထံမှ သမိုင်းအဆက် ဆက် အမွေခံဆောင်ရွက်လာခဲ့ သော၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ သက် တမ်းမှာ ယနေ့ ၁.၈.၂၀၂၂ ရက် တွင် ၁၄၈ နှစ်ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။ 


ထိုမှတစ်ဖန် ၁၄.၇.၁၉၂၂ တွင် ပြဌာန်းခဲ့သည့် Ran-goon Municipal Act(1922) သည်လည်း ၁.၈.၁၉၂၂ ရက်မှစ၍ အာဏာတည်ခဲ့ သည်။


မြူနီစီပါယ်(Municipal) ဆို သည်မှာ "A City, town, etc.having its own in corporate government for local affairs of or having to do with city, town etc.or its local govern- ment" ဟု အဘိဓာန်တွင်ဖွင့်ဆို ထားချက်အရ" မြို့တော်၊ မြို့ စသည်တို့၏ ဒေသဆိုင်ရာ အထွေ ထွေအရပ်ရပ်သော စည်ပင်သာ ယာရေး ကိစ္စရပ်များကို၊ ဆောင် ရွက်ပေးရသည့်၊ ဒေသန္တရအုပ် ချုပ်ရေးအဖွဲ့"ဟုအဓိပ္ပါယ်ဖွင့် ဆိုရမည်ဖြစ်ပါသည်။


ထို့ကြောင့် မြူနီစီပါယ်အဖွဲ့ သည် မြို့နေပြည်သူလူထု၏ သန့်ရှင်းရေး၊ ကျန်းမာရေး၊ ရေ၊ မီးရရှိရေး၊ နေထိုင်မှုစနစ်ကျန ရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ကောင်းမွန်စေ ရေးစသည့် လူမှုကိစ္စအဝဝကို လွန်ခဲ့သည့်နှစ်ပေါင်း ၁၅၀ ခန့်မှ ယနေ့တိုင် တာဝန်ယူဆောင် ရွက်ပေးနေသော ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ဟု ဆိုလျှင်မှား မည်မထင်ပေ။


ထို့ပြင် "ရန်ကုန်မြူနီစီပါယ် အဖွဲ့" "ရန်ကုန်မြူနီစီပါယ် ကော်မတီ"၊ ''ရန်ကုန်မြူနီ စီပါယ် ကော်ပိုရေးရှင်း" "ရန်ကုန် မြို့တော်စည်ပင်သာယာရေး အဖွဲ့""ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ" ဟူ၍ ယနေ့ကာလအထိ၊ အမည်များ ပြောင်းလဲသတ်မှတ်ခဲ့သည်။ 


ရန်ကုန်မြူနီစီပါယ်ကော်ပို ရေးရှင်းကာလတွင်၊ မြန်မာ လူမျိုးထဲမှ ပထမဆုံးသော ဥက္ကဋ္ဌအဖြစ်၊ ဒေါက်တာဘရင် သည် ၈.၁.၁၉၂၄ မှ ၃၁.၁၂. ၁၉၂၄  အထိ တာဝန်ယူဆောင် ရွက်ခဲ့ပြီး၊ ယင်းကော်ပိုရေးရှင်း ကာလတွင် မြန်မာလူမျိုးထဲမှ ဦးဆက်သည် ပထမဆုံးသော မြူနီစီပါယ်မင်းကြီး  အဖြစ် ၁၃-၃-၁၉၂၅ မှ ၂၁-၁၂- ၁၉၂၅ အထိ၊ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည်။


ထို့နောက် ရန်ကုန်မြူနီစီ ပါယ်ကော်ပိုရေးရှင်း၌ ပထမဆုံး သော မြန်မာအမျိုးသားမြို့တော် ဝန်အဖြစ် ဦးကျော်ဇံက ၈-၁-၁၉၃၅ မှ ၃၁-၁၂-၁၉၃၅ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။


လွန်ခဲ့သည့် ၁-၈-၁၈၇၄ မှ ယနေ့ ၁-၈-၂၀၂၂ ရက်အထိ နှစ်ပေါင်း ၁၄၈ နှစ်အတွင်း၊ မြို့တော်ဝန်ပေါင်း ၁၀၂ ဦးအထိ ပြောင်းလဲတာဝန်ယူခဲ့ရာ၊ယနေ့ ကာလ ၁၀၂ ဦးမြောက် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော် ဝန်) ဦးဗိုလ်ဌေးသည်၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး တာဝန်ကိုပါ ထမ်း ဆောင်လျက်ရှိသည်။


ယခင်က''ဒဂုံ" မြို့ဟု ခေါ် တွင်ခဲ့သော''ရန်ကုန်" မြို့ ကလေးသည် ၁၈၂၄ ခုနှစ်က လူဦး‌ရေ သုံးသောင်းခန့်သာ ရှိခဲ့ပြီး ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီးတွင် လူဦးရေ သုံးသောင်းကျော်သာ နေထိုင်ရန် ရန်ကုန်မြို့ကို ခန့်မှန်း  တည်ဆောက်ခဲ့ခြင်းဖြစ်သည်။


သို့သော် ယခုအခါ ရန်ကုန် မြို့တော်ကြီးသည် ယခင်အေဒီ ၁၉ ရာစုအလယ်၊ ရန်ကုန်မြို့ သစ်မှ၊ ယခု ၂၁ ရာစုအလွန် ၂၀၂၂ ခုနှစ်တွင် ရန်ကုန်စည်ပင် သာယာနယ်နိမိတ်အတွင်း မြို့ သစ်များအပါအဝင် ၃၃ မြို့နယ် နှင့် ရန်ကုန်တိုင်းဒေသကြီးတစ် ခုလုံးတွင် ၄၅ မြို့နယ်တည်ရှိနေ ပြီဖြစ်သည်။


လူနေမှုအနေဖြင့်လည်း ရန်ကုန်စည်ပင်သာယာနယ်နိ မိတ်အတွင်း လူဦးရေခုနှစ်သန်း ကျော်အထိ နေထိုင်လျက်ရှိနေ သည်။


ထို့ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သည် ရန်ကုန်မြို့တော်နေပြည်သူ များအတွက် သန့်ရှင်းသာယာ လှပရေး၊ သောက်သုံးရေရရှိရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် ရပ်ကွက်များ၊ ကျောင်းများ၊ ဈေးများ၊ ကုန်တိုက်ကြီးများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဟိုတယ်၊ မိုတယ်များဖြစ်ရေး၊ အပန်းဖြေ စရာသာယာလှပသော ပန်း ဥယျာဉ်နှင့်အားကစားကွင်းများ အဖြစ်တည်ရှိရေး၊ လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့စေ ရေးနှင့်ယာဉ်အန္တရာယ်ကင်းရှင်း ရေးစသည့် လူမှုကိစ္စအဝဝကို နေ့စဉ်တာဝန်ယူဖြည့်ဆည်းဆောင်ရွက်ပေးနေရသည့် အဖွဲ့ အစည်းကြီးဖြစ်ပေသည်။


ယင်းသို့ ၂၄ နာရီပတ်လုံး အခါမလပ်တာဝန်ယူဆောင် ရွက်ပေးနေခြင်းကြောင့်လည်း၊ တိုးတက်မှုများ ရရှိလာနေသည် ကို မျက်ဝါးထင်ထင် တွေ့မြင် လာနေရသည်။


 ထိုသို့ တိုးတက်ဖြစ်ပေါ်မှု များ ပေါ်ထွန်းလာရခြင်းမှာလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့ တော်ဝန်) ဦးညီညီ၊ အတွင်း ရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များဖြစ်ကြသော ဒေါက်တာဇော်ဝင်း၊ ဒေါက်တာ ငွေစန်းနှင့်

ဦးအောင်နိုင်တို့ဦးဆောင် ကာ၊ ဌာနကြီး ၁၈ ခုတို့ကို၊ ကွန်ရက်သဖွယ်နေ့စဉ် ချိတ် ဆက်လှုပ်ရှားဆောင်ရွက်နေ ခြင်းကြောင့်လည်းဖြစ်သည်။


မြင်သာသောဖြစ်ပေါ် တိုး တက်မှုများထဲတွင် မြို့တော် သောက်သုံးရေပေးဝေရေးနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ် မတ် ၂၅ ရက်က အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သော၊ လှိုင်မြစ်၊ လှော်ကားရေအားဖြည့် စီမံ ကိန်းလည်းပါဝင်သည်။ 


လှိုင်မြစ်လှော်ကား ရေ အားဖြည့်စီမံကိန်းဖွင့်လှစ်နိုင် ခဲ့၍၊ မှော်ဘီမြို့နယ်၊ ကန်ကလေးရေသန့်စင်စက်ရုံ မှ၊သန့်စင်ပြီး လှိုင်မြစ်ရေ ဂါလန် သန်း ၆၀ ကို၊ လှော်ကားကန် အတွင်းသို့ နေ့စဉ်ဖြည့်ဆည်း ပေးနိုင်ခဲ့ပြီ ဖြစ်သည်။


ထို့ပြင် ဒဂုံမြို့သစ် (တောင်ပိုင်း)ရှိ လဂွန်းပြင်၊ 'မြို့ရေပေးဝေရေး စီမံကိန်း' သည်လည်း၊  ဒဂုံမြို့သစ် လေးမြို့နယ်နှင့် သာကေတ၊ ဒေါပုံမြို့နယ်များနှင့် သီလဝါ အထူးစီးပွားရေးဇုန်သို့ ရေဂါလန် သန်း ၄၀ နေ့စဉ် ဖြန့် ဝေပေးနိုင်ရန်တည်ဆောက် ထားခြင်းဖြစ်သည်။


ထို့ကြောင့် မြို့တော်နေ ပြည်သူများအတွက် သောက် သုံးရေဂါလန်သန်း၂၂၀ကို ဖူးကြီး၊ ဂျိုးဖြူ၊ လှော်ကား၊ ငမိုးရိပ် စသည့် ရေလှောင်ကန် များအပြင်၊ လဂွန်းပြင်ရေပေး ရေးစခန်းနှင့် ကန်ကလေး လျှပ်စစ်မြစ်ရေတင်စီမံကိန်း လုပ်ငန်းများက နေ့စဉ်ဖြန့်ဝေ ပေးလျက်ရှိသည်။


မြို့တော်နေပြည်သူများ အပန်းဖြေနားနေရင်း၊ ကျန်းမာ ရေးလေ့ကျင့်ခန်းများဆောင် ရွက်နိုင်ရန်၊ ကန်တော်ကြီးနှင့် အင်းလျားကန်များကဲ့သို့ အပန်း ဖြေစခန်းသစ်တစ်ခုအဖြစ် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်း တွင် "မင်္ဂလာကန်အပန်းဖြေ စခန်း"ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ သည်ကိုလည်း တွေ့မြင် ကြရ သည်။ မင်္ဂလာကန်ရေရှည် တည်တံ့ကြံ့ခိုင်မှုအတွက် ရေပို လွှဲနှင့် ရေစုကန်တည်ဆောက် ခြင်း၊ ကန်ပေါင်လျှောက်လမ်း တည်ဆောက်ရာတွင် စက်ဘီး လမ်းနှင့် လူသွားလမ်းများပါ ထည့်သွင်းပေးထားသည်မှာ လည်း ခေတ်မီ၊ အဆင်ပြေလှ သည်။


လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် ယာဉ် အန္တရာယ်ကင်းရှင်းရေးတည် ဆောက်ဖော်ဆောင်မှုများတွင်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ၊ ရန်ကုန်မြို့တော်သို့ အဝင်လမ်းမကြီးအားလုံးကို၊ မူလလျာထားချက်ယာဉ်ကြော များ အပြည့်အဝမောင်းနှင်နိုင် ရန်နှင့် အန္တရာယ်ကင်းရှင်းစေ ရန် ဆောင်ရွက်ပေးထားပြီး ဖြစ်သည်။ ထို့ပြင် ပျဉ်းမပင် ဓာတ်အားခွဲရုံမှ ထောက်ကြန့် လမ်းဆုံအထိလည်းကောင်း၊ အုတ်ကျင်းဂုန်နီစက်ရုံအနီး လမ်းဘေးဝဲယာတွင်လည်း ကောင်း၊ စက်ဘီးလမ်းများတည် ဆောက်ပေးနိုင်ခဲ့သည်။ 


ပြုပြင်ပေးရန်လိုအပ်သည့်၊ မြို့နယ်အသီးသီးရှိ ရပ်ကွက် တွင်းလမ်းများကိုလည်း ပြုပြင် ဖွင့်လှစ်ပေးနိုင်ခဲ့သည်ကိုတွေ့ရ သည်။


မြို့တော်အတွင်းလမ်းမ ကြီးများဘေး၊ ဝဲယာများမှ အမြင်မတင့်တယ်သောနေရာ များတွင် စိမ်းလန်းမြေဧရိယာ များ ဖော်ဆောင်ကာ မြေယာရှု ခင်းများ ဖော်ဆောင်ပေးလျက်ရှိ သည်။


ရန်ကုန် မြို့တော်ကြီး အတွင်း လမ်းမကြီးများပေါ် တွင်၊ မိုးသည်းထန်စွာရွာသွန်း ချိန် အနိမ့်ပိုင်းနေရာများ၌ ရေ ကြီးရေလျှံနစ်မြုပ်မှုများမဖြစ် ပေါ်စေရန်၊ ယခင်ရှိပြီး မြစ်ထွက် ပေါက်ကြီးများ၊ ရေနုတ်ကောင်း မွန်ရေး၊ ရေစီးရေလာကောင်း မွန်ရေးတို့ကို အဓိကဆောင်ရွက် ပေးနိုင်ခဲ့သဖြင့်၊ အချိန်ပိုင်း အတွင်း၌ပင် ရေများစီးဆင်းစေ နိုင်ခဲ့ပြီဖြစ်သည်။


ထိုမျှသာမက၊ မိုးရွာနေချိန် ၌ လိုအပ်လျှင်  ချက်ချင်း ရှင်းလင်း ဆောင်ရွက်ပေးနိုင် ရန် လိုအပ်သည့်နေရာများတွင် ရေပေါ်သွားယန္တရား များကိုပင်၊ အသင့်ထားရှိပေး ထားသည်ကို တွေ့ရသည်။


အင်းလျားကန်ရေပိုလွှဲကို စနစ်တကျဆောင်ရွက်ပေးထား ခြင်းဖြင့်၊ အဆိုပါ ရေပိုလွှဲမှ ထွက်ရှိလာသမျှနှင့် မိုးရွာချိန် ပေါ်ထွန်းလာသည့် မိုးရေများ ကို၊ ငမိုးရိပ်ချောင်းအတွင်း အလျင်အမြန် စီးဝင်စေရန် ဆောင်ရွက်ပေးထားသည်။ အလားတူပင် ရန်ကုန်-ပြည် လမ်းမကြီး အနောက်ဘက် ခြမ်းတွင်တည်ရှိသော၊ မြို့နယ် များမှရေများကို လှိုင်မြစ် အတွင်းသို့ လွယ်ကူစွာ စီးဝင်စေ ရန် ဆောင်ရွက်ပေးထားသည်။


လမ်းမတော်၊ လသာ၊ ပန်း ဘဲတန်း၊ ကျောက်တံတား၊ ဗိုလ် တထောင်၊ ပုဇွန်တောင်စသည့် မြို့တွင်း ခြောက်မြို့နယ်တွင် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန်၊ မဟာဗန္ဓုလလမ်း မြို့တော် ခန်းမရှေ့တွင်၊ ရေဂါလန် တစ်သိန်းဆံ့ ရေစုကန်ကြီး တစ်ခုတည် ဆောက်ပေးထား ပြီး၊ မြစ်ထွက်ပေါက်များမှ ရန်ကုန်မြစ်အတွင်း ရေစီးဆင်း မှုကောင်းမွန်စေရန်နှင့် ပင်လယ်ဒီ‌ရေ တက်ချိန်တွင်၊ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေ ရန်၊ ရေထိန်းတံခါးများ ပြုပြင် တည်ဆောက်ပေးထား သည်ကို မြင်တွေ့ကြရမည်ဖြစ် သည်။


ကိုဗစ်ကာလကဲ့သို့ အရေး ပေါ်ကာလတွင် မြို့တော်နေ ပြည်သူများ ကျန်းမာရေး အတွက် ကိုဗစ်ကာကွယ်ကုသ ရေးစခန်းများကို လိုအပ်သည့် နေရာများတွင် တည်ဆောက် ပေးထားသည်။ ထို့ပြင်စည်ပင် သာယာဈေးအသီးသီးတွင်၊ Mask Campaign များ စဉ်ဆက် မပြတ်ပြုလုပ်ပေးလျက်ရှိပြီး၊ အိမ်ရှင်မများ ကျန်းမာရေးထိ ခိုက်မှုမရှိစေဘဲ အလွယ်တကူ ဝယ်ယူစားသုံးနိုင်ရန် ရွေ့လျား ဈေးကားစနစ်ဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိသည်။


အခြေခံပညာကျောင်းများ တွင်လည်း သွေးလွန်တုပ်ကွေး ကာကွယ်ရေးအတွက် ခြင်ဆေး မှုတ်ခြင်း၊ အဘိတ်ဆေးခတ် ခြင်း၊ ပညာပေးဟောပြောခြင်း များစဉ်ဆက်မပြတ်ဆောင်ရွက် ပေးနေသည်ကို တွေ့ရှိရသည်။

မြို့ပြပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးလုပ် ငန်းများကိုလည်း စဉ်ဆက် မပြတ်ဆောင်ရွက်ပေးထား သဖြင့်၊ မြို့တော်ကြီး၏ အင်္ဂါရပ် နှင့်အညီ၊ လမ်းမကြီးများ၊ ရပ် ကွက်များ၊ လမ်းများတွင် အစဉ် သန့်ရှင်းသာယာနေပြီ ဖြစ် သည်။


ထို့ပြင် တစ်ချက်ခုတ် နှစ် ချက်ပြတ်အကျိုးရှိစေရန်၊ သီရိ မင်္ဂလာဈေးကြီးမှထွက်ရှိလာ သည့် အမှိုက်များကိုလည်း ကောင်း၊ ရန်ကုန်ပြည်သူ့ရင်ပြင် အတွင်းမှ ထွက်ရှိလာသည့် အမှိုက်များကိုလည်းကောင်း၊ အလေအလွင့်မဖြစ်စေဘဲ၊ အီးအမ်ဘိုကာရှီ မြေဆွေးများ ပြုလုပ်ကာ၊ ဈေးနှုန်းသက်သာ စွာ ဖြန့်ဖြူးပေးနိုင်ခဲ့သဖြင့်၊ သဘာဝမြေဩဇာဖြင့်၊ စိုက် ပျိုးရေးကဏ္ဍကိုပါ အထောက် အကူဖြစ်စေခဲ့သည်။


ယခုအခါတွင် ရန်ကုန်မြူနီ စီပါယ်အက်ဥပဒေ (၁၈၇၄)အရ လက်ဆင့်ကမ်း အမွေ ဆက်ခံကာ ပေါ်ထွန်းလာ ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သည် "လာမည့် ၂၀၄၀ပြည့် နှစ်တွင်၊ ရန်ကုန်မြို့တော် သည်၊ ငြိမ်းချမ်းသာယာလှပ သော မြို့တော်၊ စိမ်းလန်းစို ပြည်သော ရွှေရောင်မြေဖြစ် စေ ရမည်"ဟူသော ဦးတည် ရည်မှန်းချက်၊ အောင် မြင်ရေး အတွက် အရှိန်အဟုန်ဖြင့် ခရီးဆက်၍နေမည်သာ------

ဆောင်းပါး- မြတ်စိုး(လှိုင်)

ဓာတ်ပုံ-စောသိန်းဝင်း(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ