နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးတွင် အမိုနီယမ်နိုက်ထရိတ် ၆ ဒသမ ၂၈၈ တန် ဖမ်းဆီးရမိ

ရန်ကုန်   ဩဂုတ်   ၁


မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးနှင့် အမရပူရမြို့နယ် တို့တွင် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် ၆ ဒသမ ၂၈၈ တန် ဖမ်းဆီးရမိကြောင်း CCDAC မြန်မာက ယနေ့သတင်း ထုတ်ပြန်ထားသည်။


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၆ ရက် ည ၁၀ နာရီခွဲ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပြင်ဦးလွင်မှမန္တလေးသို့ ဝင်းမြိုင် မောင်းနှင်ပြီး ရန်မျိုးအောင်လိုက်ပါလာသော Nissan ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်က တရားမဝင် သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက် ထရိတ် ၁ ဒသမ ၆၄ တန် သိမ်းဆည်းရမိသည်။


စစ်ဆေးချက်အရ ဇူလိုင် ၂၇ ရက်နေ့ ညနေ ၃ နာရီအချိန် အမရပူရမြို့နယ်၊ စာကလေးအင်းကျေးရွာရှိ ကုမ္ပဏီကို ပူးပေါင်း အဖွဲ့က ဝင်ရောက်ရှာဖွေရာ မန်နေဂျာသက်နောင်အား တရားမဝင် သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် ၄ ဒသမ ၆၄၈ တန်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ထိန်းချုပ်ဓာတုပစ္စည်း အမိုနီ ယမ်နိုက်ထရိတ်      ၆  ဒသမ ၂၈၈ တန် သိမ်းဆည်းရမိကြောင်း သိရသည်။


စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတု ပစ္စည်း အမိုနီယမ်နိုက်ထရိတ်များအား ရှမ်းပြည်နယ် (မြောက် ပိုင်း)၊ မူဆယ်မှမန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ် ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။                                              AKO






အခြားဆက်စပ်သတင်းများ