ဩဂုတ် ၂
ရီးရဲလ်မက်ဒရစ် အသင်း သည် တောင်ပံကစားသမား ဟာဇက်ကို တိုက်စစ်မှူးအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ဟာဇက်သည် ဒဏ်ရာ ပြဿနာများနှင့်အတူ ပုံမှန် ခြေစွမ်းအောက်ရရှိနေသူဖြစ်ပြီး လာမည့် ၂၀၂၂-၂၃ ဘောလုံး ရာသီတွင် အကောင်းဆုံးပုံစံ ဖြင့် ပြန်လာနိုင်ရန် ပစ်မှတ် ထားနေကာ နည်းပြအန်ဆယ် လော့တီမှာလည်း ဟာဇက်အား အခွင့်အရေးပေးသွားရန် စီစဉ် ထားသည်။
အန်ဆယ်လော့တီသည် ဟာဇက်အား အသက်အရွယ် ရလာသည့် ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာ၏နေရာတွင် အလှည့် ကျ အစားထိုးအသုံးပြုသွားရန် စီစဉ်နေပြီး ဘာစီလိုနာနှင့် ကစားခဲ့သည့် ရာသီကြိုခြေစမ်း ပွဲတွင် ဟာဇက်အား အထောင် တိုက်စစ်မှူးအဖြစ် ကစားစေခဲ့ သည်။
အသက် ၃၁ နှစ်အရွယ်ရှိ ဟာဇက်သည် ရီးရဲလ်မက်ဒရစ် အသင်းတွင် သုံးရာသီကြာ ကစား ခဲ့ပြီးဖြစ်သော်လည်း ဒဏ်ရာ ပြဿနာများနှင့်အတူ ပြိုင်ပွဲစုံ ၆၆ ပွဲသာ ကစားခွင့်ရခဲ့ပြီး ၆ ဂိုးသာ သွင်းယူပေးနိုင်ခဲ့သည်။
(သူရိန်)