နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ မြန်မာမသန်စွမ်း အားကစားအဖွဲ့ရွှေ၊ ငွေ၊ကြေးစတင်ဆွတ်ခူး

ရန်ကုန်   ဩဂုတ်   ၂


အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် ၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာမသန် စွမ်းအားကစားအဖွဲ့သည် ယမန်နေ့ ယှဉ်ပြိုင်မှုတွင် ပြေးခုန်ပစ်နှင့် ရေကူးအားကစားတို့က ရွှေ တံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု နှင့် ကြေးတံဆိပ်နှစ်ခု စတင် ဆွတ်ခူးရရှိခဲ့ကြကြောင်း သိရ သည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဆိုလို မြို့တွင် ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက်ထိကျင်းပသည့် အဆိုပါ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်သည့် မြန်မာအားကစား အဖွဲ့သည် MANAHAN ကွင်း၌ ကျင်းပသော ပြေးခုန်ပစ်ပြိုင်ပွဲ နှင့် JATIDIRI ရေကူးကန်၌ ကျင်းပသော ရေကူးပြိုင်ပွဲများ အား ဝင်ရောက်ယှဉ်ပြိုင်ရာ ပြေးခုန်ပစ်ပြိုင်ပွဲ အမျိုးသမီး မီတာ ၁၀ဝ အပြေးပြိုင်ပွဲတွင် လော်လာဝင်းက ဒုတိယငွေ တံဆိပ်နှင့် အမျိုးသားမီတာ ၁၀ဝ အပြေးပြိုင်ပွဲတွင် အောင်မြင့်မြတ် က တတိယကြေးတံဆိပ်များ ဆွတ်ခူးရရှိသည်။ 


ထို့အတူ ရေကူးပြိုင်ပွဲ မီတာ ၁၀ဝ ပက်လက်ကူးပြိုင်ပွဲတွင် အောင်ဖုန်းက ပထမရွှေတံဆိပ်၊ မီတာ ၄၀ဝ အလွတ်ကူး ပြိုင်ပွဲတွင် စိုးဝင်းက တတိယ ကြေးတံဆိပ်နှင့် မီတာ ၅၀ နောက်ပြန်ကူး ပြိုင်ပွဲတွင် ကျော်ထူးက ဒုတိယငွေတံဆိပ် တို့ကို အသီးသီးရရှိကြသည်။ 


၁၁ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်၊ မြားပစ်၊ ကြက်တောင်၊ ဘိုချီရာ၊ မျက်မမြင်စစ်တုရင်၊ ဘောလုံး၊ ဂိုးဘောလ်၊ အလေးမ၊ ထိုင် လျက် ဘော်လီဘော၊ ဂျူဒို၊ စားပွဲတင် တင်းနစ်၊ ရေကူး၊ ဝှီးချဲဘတ်စကတ်ဘောနှင့် ဝှီးချဲ တင်းနစ် အားကစားနည်းများ ထည့်သွင်းကျင်းပလျက်ရှိပြီး မြန်မာမသန်စွမ်း အားကစား အဖွဲ့ချုပ်အနေဖြင့် ပြေးခုန်ပစ်၊ မြားပစ်၊ ဂိုးလ်ဘော၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက် ဘော်လီ ဘောနှင့် အလေးမအားကစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း သိရ သည်။                  အောင်မြင့်ဌေး






အခြားဆက်စပ်သတင်းများ