နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်-ပြည်လမ်းတစ်လျှောက် လမ်းလယ်ကျွန်းလမ်းမီးတိုင်စိုက်ထူခြင်းလုပ်ငန်းခွင်ကြည့်ရှုစစ်ဆေး

ရန်ကုန်   ဩဂုတ်   ၂


ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ သည်၊ ယမန်နေ့ ည ၁၀ နာရီခန့်တွင် ရန်ကုန်-ပြည်လမ်း တစ်လျှောက် လမ်းလယ်ကျွန်း၊ လမ်းမီးတိုင် စိုက်ထူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို သွား ရောက်ကြည့်ရှုစစ်ဆေးကြ သည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အပိုင်း ၁ လုပ်ငန်းခွင်ဖြစ်သည့်၊ ပါရမီလမ်းဆုံ အေဒီမီးပွိုင့်မှ မင်္ဂလာဒုံလေဆိပ် လမ်းဆုံအထိ လမ်းမီးတိုင် ၁၂၆  တိုင်စိုက်ထူ ၍ မီးလုံး ၂၆၂ လုံး တပ်ဆင် ဆောင်ရွက်နေသည့် လုပ်ငန်းခွင် ဧရိယာများဖြစ်သည့် ခုနစ် မိုင်ခွဲ၊ ရှစ်မိုင်တံတား အတက် အဆင်းနှစ်ဖက်၊ ဆည်မြောင်း လမ်းဆုံ၊ ကိုးမိုင် အောင်မြေ ဘုံသာသျာမ်းကျောင်းရှေ့၊ စန္ဒာ သီရိလမ်းဆုံနှင့်   လေဆိပ်လမ်းဆုံ တို့တွင် ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်းက စက်ယန္တရားကြီးများဖြင့် လည်း ကောင်း၊ ဝန်ထမ်းများဖြင့်လည်း ကောင်လုပ်ငန်း ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။


ထိုသို့ လက်ရှိဆောင်ရွက် နေသောအပိုင်း ၁  လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ကို ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦး နှင့် တာဝန်ရှိသူများကမော်တော် ယာဉ်များ၊ လမ်းအသုံးပြုသူများ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး အတွက် မြေအောက်ဓာတ်အား လိုင်း အသုံးပြုထားပြီး ပစ္စည်း များ သက်တမ်းကြာရှည်စွာခံနိုင် ရည်ရှိစေရေးအတွက် HDPE ပိုက်များ အသုံးပြု၍၊ 25 မီလီမီတာ စကွဲမီးကြိုးများထည့် သွင်းနေမှု၊ မီးတိုင်များ စိုက်ထူ ရာတွင်လည်း ကတ္တရာအပေါ် မှတစ်ဆင့် မြေအောက်အထိ ၃ ပေ ပတ်လည်တူး၍၊ Precast ကွန်ကရစ်တုံးများ  ချမြှုပ်ပြီး လမ်းမီးတိုင် စိုက်ထူနေမှုများ လမ်းလယ်ကျွန်းများနှင့် မီးတိုင် များတွင် ရောင်ပြန်များ တပ်ဆင် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


တိုင်းဒေသကြီး ဝန်ကြီးချုပ် က အလင်းရောင်အားနည်း သည့် နေရာများကို လျှပ်စစ် အလင်းရောင် ကောင်းစွာရရှိစေ ရေး ဦးစားပေးဆောင်ရွက်ကြ ရန်၊ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးအတွက် ညအချိန်  ဆောင်ရွက်နေကြခြင်း ဖြစ်၍ လုပ်ငန်းခွင်အတွင်း ယာဉ် အန္တရာယ်ကင်းရှင်းရေး၊ စက် ယန္တရားကြီးများနှင့် ဝန်ထမ်း များ၏ လုံခြုံရေးတို့ကို အမြဲမပြတ် သတိထားဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် ရန်ကုန်-ပြည်လမ်း တစ်လျှောက် အပိုင်း ၂ ပါရမီ လမ်းဆုံမှ လှည်းတန်းခုံးကျော် တံတားအထိ၊ အပိုင်း ၃ လှည်းတန်း ခုံးကျော်တံတားမှ မင်းရဲကျော် စွာလမ်းထိပ်အထိကို ဇူလိုင်  ၁၇ ရက်တွင် ဆောင်ရွက်ပြီးစီးခဲ့ ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ