ဩဂုတ် ၂
ဂျူဗင်တပ်စ်အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသည့် ရမ်ဆေးကို ပြင်သစ် ကလပ် နိုက်စ်အသင်းက အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ ကြောင်း သိရသည်။
အသက် ၃၁ နှစ်အရွယ် ဝေးလ်လက်ရွေးစင် ကစားသမား သည် ကာတာ ကမ္ဘာ့ဖလားတွင် ပါဝင်ကစားခွင့်ရရန်အတွက် ပုံမှန် ပွဲကစားခွင့်ရမည့် အသင်းထံ အဓိက ဦးစားပေး ပြောင်းရွှေ့ခဲ့ ခြင်းဖြစ်သည်။ ရမ်ဆေးသည် ဂျူဗင်တပ်စ်အသင်းတွင် ပွဲကစား ခွင့်ရရန် ရုန်းကန်နေရသော်လည်း ယင်းသည် ဝေးလ်အသင်းတွင် ခြေစွမ်းကောင်းများ ပြသထားပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင် အောင် စွမ်းဆောင်ပေးထားသည့် ကစားသမားများထဲမှ တစ်ဦး အပါအဝင်ဖြစ်သည်။
ရမ်ဆေးသည် ဂျူဗင်တပ်စ် အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၇၀ ကစားခဲ့ပြီး သွင်းဂိုး ခြောက်ဂိုးနှင့် ဂိုးဖန်တီးမှု ခြောက်ကြိမ်ပြုလုပ် နိုင်ခဲ့သည်။
(သူရိန်)