ရန်ကုန်၊၊ ဩဂုတ် ၂
ရန်ကုန်မြို့တွင် ဩဂုတ် ၃ ရက်က စတင်ပြီး သက်သာသည့် ဈေးနှုန်းနှင့် တစ်အိမ်ထောင် လျှင် ဆန်တစ်အိတ်နှုန်း ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်က သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန် သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း)၊ ဆန်စပါး ကုန်စည်ဒိုင်(ဘုရင့်နောင်)တို့ ပူးပေါင်း၍ ယခုကဲ့သို့ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရောင်းချပေးမည့် ဈေးနှုန်း များသည် ရက် ၉၀ အမျိုးအစား တစ်အိတ်လျှင် ကျပ် ၃၅,၀၀၀ မှကျပ် ၃၇,၀၀၀ ကြား၊ ဧရာ ဝတီပေါ်ဆန်းတစ်အိတ်လျှင်ကျပ် ၅၂,၀၀၀ မှ ကျပ် ၅၅,၀၀၀ကြား၊ ကြားပျံတစ်အိတ်လျှင် ကျပ် ၅၅,၀၀၀ မှ ကျပ် ၆၀,၀၀၀ ကြား၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၇၅,၀၀၀ မှ ကျပ် ၇၇,၀၀၀ ကြား ဖြစ်သည်။
ဩဂုတ် ၃ ရက်ကစတင်ပြီး ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း)၊ ဝါးတန်းဆိပ်ကမ်းနယ်မြေတွင် နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၃ နာရီခွဲ အထိ ရောင်းချပေးသွားမည် ဖြစ်ပြီး ရောင်းချပေးမည့်ဈေးနှုန်း များသည် ပြင်ပလက်လီပေါက် ဈေးထက် လျော့နည်းသက်သာ ကြောင်း သိရသည်။
ဥမ္မာစိုး