နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းတွင် ဂျီဟတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၅၉ ဦးသေဆုံး

အဘူဂျာ   ဇွန်   ၁၀


နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းတွင် ဂျီဟတ်တိုက်ခိုက်မှုဟုသံသယရှိသည့် ဖြစ်ရပ်ကြောင့် အနည်းဆုံးလူ ၅၉ ဦးအသတ်ခံခဲ့ရသည်။


ပြီးခဲ့သည့်အင်္ဂါနေ့မွန်းလွဲပိုင်းကဘော်နိုပြည်နယ် ဂူဘီယိုခရိုင်ရှိဝေးလံခေါင်သီသည့် ရွာတစ်ရွာကိုသေနတ် သမားများကဝင်ရောက်ပစ်ခတ်ပြီးလူဒါဇင်ပေါင်းများစွာကိုပစ်သတ်ခဲ့သည်။ လက်တုံ့ပြန် တိုက်ခိုက်မှုဟုယုံ ကြည်ရသည့်ဖြစ်ရပ်တွင် ရွာကိုမီးရှို့ခဲ့သည်ဟုဒေသခံမီဒီယာများက ဖော်ပြသည်။


အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ ယင်းတို့၏ လက်ချက်ဟုထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ AFP သတင်းဌာနကရုပ်အလောင်း ၅၉ လောင်းတွေ့ရှိခဲ့သည်ဟုဖော်ပြထားပြီး ရိုက်တာသတင်း ဌာနတွင် လူ ၆၉ ဦးအသတ်ခံရသည်ဟုဖော်ပြထားသည်။


ရွာသားများကယင်းတို့အဖွဲ့၏ လှုပ်ရှားမှုများကိုလုံခြုံရေးတပ်ဖွဲ့ထံသတင်းပေးခဲ့သည်ဟုလက်နက်ကိုင် များကသံသယရှိခဲ့သည်ဟုရိုက်တာသတင်းဌာနက ဖော်ပြသည်။


ထို့အပြင် ရွာသားများက ကျွဲ၊ နွား၊ ကြက်၊ ဘဲစသည့် အိမ်မွေးတိရစ္ဆာန်များကိုကာကွယ်ရန် ဂျီဟတ်များကိုသတ်ခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြသည်။


နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းတွင် ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့နှင့် IS အဖွဲ့လက်အောက်တွင် လှုပ်ရှားနေသည့် အကြမ်းဖက်အဖွဲ့တို့ကတိုက်ခိုက်မှုများပြုလုပ်လေ့ရှိရာယခုတိုက်ခိုက်မှုမှာမည်သည့် အဖွဲ့၏ လက်ချက်ဟုတပ်အပ်ပြောနိုင်ခြင်းမရှိသေးပေ။                                                                            


(KNT)






အခြားဆက်စပ်သတင်းများ