နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဒဂုံ ၂၆ ရပ်ကွက် လူနေအိမ်တစ်လုံး မီးလောင်

ရန်ကုန်   ဇူလိုင်  ၂၅


ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ၂၆ ရပ်ကွက်၊ ရဲရင့် အောင်လမ်း၊ အမှတ် ၇၄ ရှိ အကျယ် ၈ ပေ၊ အရှည် ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ ပျဉ်ခင်း ၁ ထပ် လူနေအိမ် အဆောက်အဦ ယမန်နေ့ည သန်းခေါင်ကျော် ၃၇ မိနစ်အချိန်ခန့်က မီးလောင် မှု ဖြစ်ပွားသည်။


မီးလောင်ရာသို့ မြို့နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ ဖြင့် ငြှိမ်းသတ်ခဲ့ရာ၊ သန်းခေါင် ကျော် ၄၆ မိနစ်အချိန်ခန့် မီးငြိမ်းသည်။


မီးလောင်မှုမှာ နေအိမ် အတွင်းရှိ ဘုရားခန်းတွင် ဖယောင်းတိုင် မီးပူဇော်ထားခဲ့ ရာမှတစ်ဆင့် ဘေးထရံကာသို့ ကူးစက်လောင်ကျွမ်းခြင်းဖြစ် ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှု မရှိဘဲ နေအိမ်နှင့်ပစ္စည်းခန့်မှန်း တန်ဖိုး ကျပ် ၅၅,၀၀၀ ခန့် ဆုံးရှုံးကြောင်း သိရသည်။   

မေရီ






အခြားဆက်စပ်သတင်းများ