နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Motorola ၏ ဒုတိယမြောက် pop-up ဆလ်လ်ဖီကင်မရာဖုန်း

ဇွန် ၁၀


Motorola ၏ ဒုတိယမြောက် pop-up ဆယ်လ်ဖီကင်မရာသုံး အလတ်တန်းစားဖုန်းကို ဈေးကွက်တွင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ Moto One Fusion+ သည် မှန်ပြင်ပြည့်ဒီဇိုင်းအတွက် pop-up ကင်မရာ အမျိုးအစားသုံးထားပြီး  ဖုန်းမျက်နှာ ပြင် ၆.၅ လက်မ IPS LCD display သည် 1080+ ရုပ်ထွက်နှင့် HDR10 support ပေးထားသည်။ Moto One Hyper နှင့် ဆင်တူသော်လည်း အဆင့်မြင့် features များထည့်သွင်းပေးထားသည်။ Moto One Fusion+ တွင် 32MP pop-up ကင်မရာအစား 16MP အသုံးပြုထားပြီး ဖုန်းကို လော့ခ်ဖွင့်ရန်အတွက် ကျောဘက်တွင် Motorola logo နှင့်အတူ fingerprint scanner တပ်ဆင်ထားသည်။ သုံးစွဲရာတွင် စုံလင်သည့် feature များပါဝင်သည့်အတွက် ဝယ်ယူသူများ စိတ်တိုင်းကျစေမည့် အမျိုးအစားဖြစ်သည်။


ဘက်ထရီပါဝါပိုင်းကို အကြီးစား 5000 mAh သည် 15W fast charging စနစ်သုံးထားပေးပြီး Moonlight White နှင့် Twilight Blue ကာလာနှစ်ရောင်ဖြင့် ထုတ်ပေးထားသည်။ ဥရောပဈေးကွက်ထဲ တွင် ယခုလကုန်ပိုင်းမှစတင် ရောင်းချသွားမည်ဖြစ်ပြီး ယူရို ၃၀၀ (မြန်မာငွေ ၄ သိန်း ၈ သောင်းခန့်) သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ 


(WP)






အခြားဆက်စပ်သတင်းများ