နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဈေးကွက်ကောင်းမွန်သည့်အတွက် ဂန္ဓမာပန်းစိုက်သူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ ဂန္ဓမာပန်းစိုက်ပျိုးသူများ ပန်းဈေးကွက် ကောင်းမွန် သည့် အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ယခင်နှစ် ဂန္ဓမာပန်းဈေးကွက်တွင် နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင်သာ ဈေးကွက်ပျက်ခဲ့ပြီး အခြားလ များတွင် ဈေးကွက်ကောင်းမွန်ခဲ့သည်။ လက်ရှိကာလတွင် ရွှေဝါဝင်း ဂန္ဓမာပန်းတစ်စည်း ပန်းနှစ်ပင် ပန်းပွင့် ၁၅ ပွင့်ပါ တစ်စည်းလျှင် ဖောက်သည်ဈေး ငွေကျပ် ၈၅၀၊ ကြွေဖြူတစ်စည်းလျှင် ငွေကျပ် ၇၀ဝ ဖြင့် ရောင်းချရကာ မြေတစ်ဧကလျှင် ဂန္ဓမာပန်းမျိုး ၅၀ဝ၀ဝ စိုက်ပျိုးပြီး ငွေကျပ် သိန်း ၅၀ အထိရရှိကြောင်း သိရသည်။ ဂန္ဓမာပန်းများကို မြေတစ်ဧကလျှင် ပန်းပင် ၅၀ဝ၀ဝ စိုက်ပျိုးကြကာ တစ်ဧကစိုက်ပျိုးမည်ဆိုပါက ပန်းပေါင်များကို ရက်ခြားကာ စိုက်ပျိုးလေ့ရှိသည်။ စတင်စိုက်ပျိုးမည့်နေ့တွင် ပန်းပေါင်ကို ရေစိုနေအောင်လောင်းပြီးမှ ပန်းပင်များကိုမြေတွင် ထိုးစိုက် ကြရသည်။ ပန်းစိုက်ပြီးသည်မှစကာ ရေလောင်းကြရသည်။ ရေလောင်းမှုတွင် ရာသီဥတုပူပါက သုံးခါအထိလောင်းကြပြီး ရာသီဥတုအေးပါက နှစ်ခါလောင်းကြရသည်။ ပန်းပင်များဖြစ်ထွန်း အောင်မြင်ရန်အတွက် ၁၅ ရက်တစ်ကြိမ် မြေဆီကျွေးပေးရသည်။ စိုက်ပြီး သုံးလကျော် လေးလအရောက်တွင် ပန်းများဈေးကွက်အတွင်း ရောင်းချနိုင်ပြီး မန္တလေးမြို့အနီးရှိ စိုက်ခင်းများမှာ စန်းဘား၊ ကြွေဖြူနှင့် လပ်ကီးမျိုးများကို အများစုစိုက်ပျိုးကြကာ လက်ရှိကာလ ပန်းဈေးကွက် ကောင်းမွန်သည့်အတွက် နွေရာသီစိုက်ခင်းအဖြစ် ပန်းစိုက်ခင်းများတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ (သူရိန်) 






အခြားဆက်စပ်သတင်းများ