နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေကူမြို့နယ်တွင် ငွေကျပ် ၁၀,၇၈၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရွှေကူ ဇွန် ၉


ဇွန် ၇ ရက်၊ ည ၇ နာရီအချိန် ရွှေကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရွှေကူမြို့နယ်၊ ညောင်ပင်ကွေ့ ကျေးရွာအနီး၊ မန္တလေး-ဗန်းမော်ကားလမ်းတွင် စိုးအောင်မောင်းနှင်ပြီး မြင့်သူထွန်းနှင့် မောင်ဇော် တို့လိုက်ပါလာသည့် HONDA ODYSSEY အမျိုးအစားမော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ ယာဉ်အတွင်းရှိ ဆာလာအိတ်များအတွင်းမှ ဘိန်းဖြူ ၈ ဒသမ ၁၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၂,၅၀၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် စိုးအောင်(၄၂)နှစ်၊ မြင့်သူထွန်း(ခ)မြင့်သူ(၃၈)နှစ်၊ မောင်ဇော် (၃၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။


အလားတူ ဇွန် ၈ ရက်၊ နေ့လယ် ၃ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြဝတီမြို့နယ်၊ အပြင်မဲကနယ်ကျေးရွာရှိ မသန်းသန်းလွင်(ခ)မထားဝယ်မငှားရမ်း ထားသည့်ဂိုဒေါင်အား ဝင်ရောက်ရှာဖွေရာ ဆာလာအိတ်များဖြင့်ထည့်ထားသည့် Sodium Cyanide ၃,၉၃၀ ကီလိုနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မသန်းသန်းလွင်(ခ)မထားဝယ်မ (၅၃)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ