နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၂၄ .၅၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကျိုင်းတုံ ဇွန် ၉


ဇွန် ၇ ရက်၊ ညနေ ၄ နာရီအချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-လွိုင်မွေ-ဝမ်လုံးကျေးရွာလမ်းဆုံ မြို့ရှောင်လမ်းတွင် စိုင်းမန်မောင်းနှင်၍ စိုင်းကျောက် လိုက်ပါလာသည့် Vigo အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးနေစဉ် နောက်မှလိုက်ပါလာသည့် Vigo ယာဉ် ၂ စီးမှာ နောက်ပြန်လှည့်ပြေးသွားသဖြင့် လိုက်လံတားဆီးရာ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်မိုင်ကျေးရွာအနီးတွင် ယာဉ်ပေါ်တွင်လိုက်ပါလာသူများအား မတွေ့ရှိဘဲ ရပ်တန့်ထားခဲ့သည့် မော်တော်ယာဉ်နှင့် စိုင်းအွန် မောင်းနှင်ပြီး စိုင်းဟောင်နှင့် အိုက်ရီလုံ တို့လိုက်ပါလာသည့် မော်တော်ယာဉ်တို့ကို တားဆီးရမိခဲ့သဖြင့် မော်တော်ယာဉ် ၃ စီးကိုစစ်ဆေးရာ ၎င်းမော်တော်ယာဉ်များပေါ်မှ အိုက်စ် ၉၈၀ ဒသမ ၉၈ ကီလို၊ ဘိန်းဖြူ ၃ ကီလိုနှင့် စကားပြောစက် ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းမန်(၃၅)နှစ်၊ စိုင်းကျောက်(၁၇)နှစ်၊ စိုင်းအွန်(၂၆)နှစ်၊ စိုင်းဟောင်(၃၂)နှစ်၊ အိုက်ရီလုံ(ခ)စိုင်းဆန်(၃၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ