နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဇွန် ၉


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ ဇွန် ၈ ရက်၊ ညနေ ၅ နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညောင်ရမ်းလမ်းပေါ်၌ လှိုင်မင်းထွန်းထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၉ နာရီအချိန်တွင် (ည)ရပ်ကွက်၊ သုနန္ဒာလမ်းမပေါ်၌ ငြိမ်းထိုက် ထံမှ အရိုးအသွား(၈)လက်မ ခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းကိုလည်းကောင်း၊


ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၁၀ နာရီအချိန်တွင် (၇)ရပ်ကွက်၊ တိမ်ကြားမင်းခေါင်လမ်းပေါ်၌ မောင်မောင်ထံမှ အရိုးအသွား(၇)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်း ကိုလည်းကောင်း၊ အင်းစိန်မြို့နယ်ရဲပတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၆ နာရီ ၂၀ မိနစ်အချိန်တွင် တညင်းကုန်းရပ်ကွက်အတွင်း လမ်းမပေါ်၌ ရဲရင့်ထံမှ အရိုးအသွား(၁၅)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၆ နာရီခွဲအချိန်တွင် (၁၆)ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီးပေါ်၌ ကိုသူထံမှ အရိုးအသွား(၈)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကို လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီခွဲအချိန်တွင် (၂၃)ရပ်ကွက်၊ စက်မှုဇုန်လမ်းမပေါ်၌ ဝေလင်းထံမှ အရိုးအသွား(၂၅)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်း ကိုလည်းကောင်း၊


ကော့မှူးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် တေဇာ ထံမှ အရိုးအသွား(၉) လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် (၂၀)ရပ်ကွက်၊ ဗိုလ်တေဇပတ်လမ်းမပေါ်၌ စန်းကိုလှိုင်ထံမှ အရိုးအသွား(၇)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီခွဲအချိန်တွင် ၁/၁၁ ရပ်ကွက်၊ မြို့ပတ်လမ်းမပေါ်၌ ဆန်းမိုးခိုင် ထံမှ အရိုးအသွား(၁၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကို လည်းကောင်း၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီအချိန်တွင် သနပ်ပင်လမ်းဆုံ၌ အောင်ကိုသူ ထံမှ အရိုးအသွား(၁၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ