နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇမ္ဗူသီရိမြို့နယ်တွင် နေပြည်တော်ရဲတပ်ဖွဲ့မှ ငါးမန်းဂိမ်း လောင်းကစားမှု(၁)မှု ဖမ်းဆီးအရေးယူ

ရန်ကုန် ဧပြီ ၄ ဇမ္ဗူသီရိမြို့နယ်တွင် နေပြည်တော်ရဲတပ်ဖွဲ့မှငါးပစ်ဂိမ်း လောင်းကစားမှု(၁)မှုကို ဧပြီ ၃ ရက် ညဦးပိုင်းက ဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှ သိရသည်။ နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ ရဲအုပ်နိုင်လင်းဦး ဦးစီးအဖွဲ့၊ အမှတ်(၁)မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်ညွန့် ဦးစီးအဖွဲ့တို့သည် သက်သေများနှင့်အတူ ဧပြီ ၃ ရက်၊ ည ၇ နာရီခွဲက ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပမ္မဝတီလမ်း၊ အိမ်အမှတ်(၈၀၄)နေ ကိုကျော်ဦး၏နေအိမ်တွင် ငါးမန်းဂိမ်းလောင်းကစားမှုများပြုလုပ်နေကြောင်း သတင်းအရ လောင်းကစားနေအိမ်သို့ဝင်ရောက် ရှာဖွေဖမ်းဆီးခွင့်ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်ပိုင်ရှင် ကိုကျော်ဦးအား နေအိမ်တွင်မတွေ့ရှိရဘဲ ယင်း၏နေအိမ်အဆောက်အဦ အတွင်းတွင် မင်းမင်း၊ မောင်ကျော်၊ စန်းမြင့်၊ အောင်ထွန်းတို့(၄)ဦးအား တရုတ်နိုင်ငံလုပ် ငါး၊ ခရုအရုပ်များပါ ငါးပစ်ဂိမ်းစက် အဖြူရောင်(၁)လုံး၊ တရုတ်နိုင်ငံလုပ် ငါး၊ လိပ် အရုပ်များပါ ငါးပစ်ဂိမ်းစက်အဝါရောင်(၁)လုံး၊ တရုတ်နိုင်ငံလုပ် ငှက်ရုပ်များပါ ဂိမ်းပစ်စက်နီညိုရောင်(၁)လုံး၊ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသော ပလတ်စတစ်ထိုင်ခုံအပြာရောင်(၂၃)လုံး၊ အဖြူရောင် CCTV ကင်မရာ(၁)လုံး (Memory Stick ပါ)၊ OPPO အမျိုးအစားအနီရောင်လက်ကိုင်ဖုန်း (၁)လုံး၊ အညိုရောင်သားရေပိုက်ဆံအိတ်(၁)လုံး၊ မြန်မာငွေစက္ကူရောရာ (၁၆၀ဝိ/-)ကျပ်၊ MI အမျိုးအစားခဲရောင်လက်ကိုင်ဖုန်း(၁)လုံး၊ ရေသန့်ဘူးကြီး(၂)ဘူး၊ နံပါတ်မပါ HONDA အမျိုးအစား 110 အနက်ရောင်ဆိုင်ကယ် (၁)စီးအပါ စုစုပေါင်းဆိုင်ကယ်(၁၄)စီး၊ KEMAGE တံဆိပ်ပါ အနီရောင်လက်ဆွဲမီးစက် (KM 4000)(၁)လုံးတို့နှင့်အတူ လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရသဖြင့် သက်သေများရှေ့ ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့ပြီး ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။ ငါးမန်းဂိမ်းလောင်းကစားပြုလုပ်သူ ၄ ဦးတို့အား ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁) မြို့မရဲစခန်းမှ (ပ)၇၁/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိသည်။ ဓာတ်ပုံ-နေပြည်တော်ရဲ၊ ရွှေမြင့်ဦး






အခြားဆက်စပ်သတင်းများ