နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်ပန်ကာဖွင့်ထားရာမှ မော်တာအပူလွန်ကဲ၍ မီးလောင်

ပင်လည်ဘူး ဧပြီ ၄ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဧပြီ ၂ ရက်က လျှပ်စစ်ပန်ကာဖွင့်ထားရာမှ မော်တာ အပူလွန်ကဲကာ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်မီးသတ်ဦးစီးဌာန မှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်မှာ ဧပြီ ၂ ရက်၊ နံနက် ၁၁ နာရီ ၈ မိနစ်က မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာရပ်ကွက် နယ်မြေ (၈)ရှိ အိမ်ရှင် ဦးသက်ထွန်းအောင်(၄၆)နှစ်၏ နေအိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ကချင် ပြည်နယ် မီးသတ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ က အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်သုံးစီးတို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုအားစုံစမ်းစစ်ဆေးရာ ဦးသက် ထွန်းအောင်၏နေအိမ်တွင် လျှပ်စစ်ပန်ကာဖွင့်ထားစဉ် အပူလွန်ကဲ၍ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်း ဦးသက်ထွန်းအောင် ပိုင်ဆိုင်သည့် ၁၅ ပေပတ်လည်သွပ်မိုးထရံကာ ပျဉ်ခင်းနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်ကြောင့် လျှပ်စစ်မီးအား ပေါ့ဆစွာအသုံးပြုသည့် ဦးသက်ထွန်းအောင်အား မြစ်ကြီးနားနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ (ပ)၇၉/ ၂ဝ၂ဝ၊ ပြစ်မှုပုဒ်မ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ မိုးခါး






အခြားဆက်စပ်သတင်းများ