နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းပြည်အနာဂတ်အတွက် သယံဇာတများ ထိန်းသိမ်းရေး

ကျွန်တော်ကလေးဘဝကတည်း က အမေနှင့် ကျောက်မျက်စျေးကွက် ထဲသို့ မကြာခဏ လိုက်သွားခဲ့ဖူး သဖြင့်၊ ကျောက်မျက်တွေအကြောင်း၊ အတန်အသင့် နားလည်ခဲ့သည်။ စိတ်လဲဝင်စားသည်။  သို့သော်အသက် မွေးဝမ်းကျောင်းတော့ မပြုဖြစ်ခဲ့ပါ။


ကျွန်တော် ကရင်ပြည်နယ်ဘက် သို့၊ တာဝန်ဖြင့် ပြောင်းရွှေ့ရောက်ရှိ လာသောအခါ၊ ကရင်ဒေသထွက်  အစားအစာနှင့် ထွက်ကုန်များကို၊ ကျယ်ကျယ်ပြန့်ပြန့်ထင်ရှား လာစေ လိုသော စေတနာဖြင့်၊ ရှာဖွေဖော်ထုတ် တင်ပြရန် ကြိုးစားခဲ့ရာ၊ တစ်နေ့တွင် ကရင်ဒေသမှ ထွက်သော သလင်း အုပ်စုဝင်  ခရမ်းစွဲကျောက်များ  အရောင်းအဝယ် ပြုလုပ်နေသော၊   ကရင်အမျိုးသားကြီးက “ဆရာ ရယ်  ကျောက်တွင်းတွေကကျောက် တွေ သိပ်မထွက်တော့ဘူး၊ ကျောက် စျေးကလည်း သိပ်မတက်လာဘူး၊ နောက်ဆိုရင် ကျွန်တော်တို့ကရင် ဒေသက ဒီလိုကျောက်တွေသိပ်ရ ဖို့ မလွယ်တော့ဘူး” ဟု စကားဆို လာသည်။ 


ကရင်အမျိုးသားကြီး စကားကို အတွေးနယ်ချဲ့မိရင်း “ငါတို့ပြည်နယ် မှာ ငါတို့ ဒေသထွက်တဲ့ သယံဇာတ ငါတို့လူမျိုးပဲ ယူမည်ဆိုသော တစ်တော၊ တစ်ဗိုလ်၊ တစ်အုပ်၊ တစ်ဖ၊ တစ်ကျောင်း၊ တစ်ဂါထာ စိတ်များ မထားရှိသင့်ကြောင်း တွေးမိ လိုက်သည်။ တစ်နိုင်ငံလုံးရှိ ရေမြေ တောတောင် သဘာဝသယံဇာတများ အားလုံးသည် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးလုံး၏ သားစဉ်မြေးဆက် ပိုင်ဆိုင်သည်” ဟူသော စိတ်ဓာတ် မွေးရန် လိုအပ်သည်။


တစ်ခါက ကျွန်တော် စွမ်းအင် ကိစ္စနှင့် စပ်လျဉ်း၍၊ ဆောင်းပါး ရေးသားခဲ့ရာ “သဘာဝဓာတ်ငွေ့ဆို သည်မှာ အကန့်အသတ်ရှိသော ပစ္စည်းများဖြစ်ပြီး၊ ကုန်သွားလျှင် တွင်းပိတ်လိုက်ရတာပဲ ဖြစ်ပါသည်။ နောက်တစ်ခုက သဘာဝဓာတ်ငွေ့ အကြွယ်ဝဆုံး ထိပ်တန်း ၁၀ နိုင်ငံ ဖြစ်သည့် ရုရှား၊ အီရန်၊ ကာတာ၊ အမေရိကန်၊ ဆော်ဒီအာရေဗျစသည့် နိုင်ငံများပင်လျှင် သဘာဝဓာတ်ငွေ့ ကို ရာခိုင်နှုန်းပြည့် ထုတ်ယူသုံးစွဲ ခြင်းမပြုကြပါ၊ အခြားသောစွမ်းအင် အရင်းအမြစ်များမှသာ ထုတ်ယူ သုံးစွဲကြပါသည်”ဟု ရေးသားခဲ့ဖူးပါ သည်။


မြေအောက် သယံဇာတမှန်သမျှ သည် အကန့်အသတ်ရှိပါသည်။ နိုင်ငံတကာတွင်လည်း မိမိတို့နိုင်ငံမှ တွင်းထွက်ပစ္စည်းများကိုနည်းအမျိုးမျိုးဖြင့် ကန့်သတ်ထိန်းချုပ်ထားပြီး ကုန်ချောများကိုသာ တင်ပို့နိုင်အောင် ကြိုးစားကြပါသည်။


အမှန်တော့ ကျွန်တော်တို့နိုင်ငံကို သဘာဝတရားကြီးက လက်ဆောင် ကောင်းများ အပြည့်အဝပေးထား သည်။ မြန်မာနိုင်ငံမြောက်ဘက် ထိပ်ပိုင်း  ကချင်ပြည်နယ် ဖားကန့် ဒေသတွင် ကျောက်စိမ်းရတနာများ ထွက်သည်။ ဟူးကောင်းချိုင့်ဝှမ်း ဒေသတွင် ပယင်းများ ထွက်သည်။ တကောင်းဒေသက၊ သံသတ္တုရိုင်းများ ထွက်သည်။ ကောလင်းဒေသက၊ ရွှေသတ္တုရိုင်း ထွက်သည်။ မိုးကုတ် ဒေသက ပတ္တမြားနီ လာမှစ၍၊ကျောက် မျက် ရတနာမျိုးစုံထွက်သည်။ ရှမ်း ပြည်နယ် မိုင်းရှူးဒေသက၊ ပတ္တမြား မှစ၍၊ ကျောက်မျက်မျိုးစုံ ထွက်သည်။ ချောက်ဒေသက ရေနံထွက်သည်။ မြန်အောင်နှင့် ညောင်တုန်း စသည်တို့ ဘက်တွင် သဘာဝဓာတ်ငွေ့များ ထွက် သည်။ မော်ချီးနှင့် ဖာပွန်ဒေသတို့တွင် ခနောက်စိမ်းနှင့် ငွေသတ္တုများ ထွက် သည်။ ကရင်ပြည်နယ်ဒေါန တောင် ကြောပေါ်ရှိ ကျိုက်ဒုံဒေသတွင် ခရမ်းစွဲ နှင့် အခြားသလင်းနွယ်ဝင် ကျောက် များ ထွက်သည်။ မြန်မာနိုင်ငံအတွင်း ရှိ ဒေသအတော်များများတွင် မြေ အောက်သယံဇာတများ ထွက်ရှိသည် ကို  တွေ့ရှိနိုင်ကြပါသည်။


အလားတူ မြေပေါ်တွင်လည်း သစ်တောသယံဇာတ ပေါကြွယ်လွန်း ပြီး၊  သစ်မျိုးစုံ ထွက်ရှိသည်။ အခြား နိုင်ငံများတွင် သစ်ပင်စိုက်ခြင်း၏  အရေးပါမှုနှင့် အဖိုးတန်မှုများကို သိရှိ နားလည်ကာ သစ်ပင်မပေါက်သည့် နေရာများ၌ပင် သစ်ပင်သစ်များ စိုက်ပျိုး ရန် ကြိုးပမ်းဆောင်ရွက်လာနေကြ သည်။ သစ်ပင်စိုက်ခြင်း၏ အကျိုး ကျေးဇူးများကို သိမြင်ကာ သူ့ထက်ငါ အလုအယက် စိုက်ပျိုးနေကြသည်။ 


ဤနေရာတွင် သယံဇာတများကို ထိန်းသိမ်းသုံးစွဲရင်း ကြွယ်ဝချမ်းသာ လာကာ အမြော်အမြင်ရှိသည့် ကာတာ နိုင်ငံငယ်လေးအကြောင်းကို အနည်း ငယ် ရှင်းပြလိုပါသည်။  ကာတာနိုင်ငံ သည်   သယံဇာတကို  ထိန်းထိန်း သိမ်းသိမ်း  ထုတ်ယူသုံးစွဲရုံသာမက၊ ရရှိလာသော ငွေကြေးကိုလည်း ဖြုန်း တီးမပစ်ဘဲ၊ တိုးပွားစေရန်   လေ ကြောင်း ပို့ဆောင်ရေး၊ ဟိုတယ်လုပ်ငန်း စသည်တို့တွင် ရင်းနှီးမြှုပ်နှံပြီးလုပ်ကိုင် ကြပါသည်။ သဲကန္တာရထဲတွင် ကုလား အုတ်စီးခြင်း၊ ဆာဖာရီခရီးကြမ်းကား နှင့် မောင်းပို့ခြင်းတို့ကဲ့သို့  ဆွဲဆောင် မှုရှိသည့် ခရီးသွား၊ လုပ်ငန်းသစ်များ ဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ သည်။ အခြားနိုင်ငံများက အတုယူဖွယ် ရာဖြစ်သည်။ သေချာသည်က ကာတာ နိုင်ငံသားများသည် အကော်ဒီယံ ကြီးတီးကာ “သယံဇာတပေါတဲ့ တိုင်းပြည်” သီချင်းကိုဆိုပြီး ကျေနပ် မနေ့ကြပါ။


နောက်ထပ် အတုယူသင့်သော နိုင်ငံတစ်ခုမှာ၊ သယံဇာတ လုံးဝမထွက် သော စင်ကာပူနိုင်ငံဖြစ်သည်။ မြေပေါ် မြေအောက် သယံဇာတလုံးဝ မရှိသော၊ စင်ကာပူနိုင်ငံသည် လူ့စွမ်းအားအရင်း အမြစ် သယံဇာတကို၊ အကျိုးရှိစွာ အသုံးချပြီး၊ ပညာရေးစနစ်ဖြင့် လူနေမှု အဆင့်အတန်းမြင့်မားအောင် အထူး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။ ပညာ ရေးမြင့်မားလာမှုနှင့်အတူ စီးပွား ရေးနှင့်၊ လမ်းပန်းဆက်သွယ်မှု ထွန်း ကားလာစေရန် ဆောင်ရွက်နိုင်ခဲ့သဖြင့်၊ ဆယ်စုနှစ်လေးငါးခုအတွင်း အခြား သော နိုင်ငံများကို ဖြတ်ကျော်၍၊ ရှေ့တန်းရောက် နိုင်ငံတစ်နိုင်ငံဖြစ်လာ ခဲ့ပုံက  အတုယူဖွယ်ရာ ဖြစ်ပါသည်။ 


မြေပေါ်မြေအောက် သယံဇာတ ပေါများသည်ဖြစ်စေ၊ နည်းပါးသည် ဖြစ်စေ လူ့စွမ်းအားအရင်းအမြစ်တည်း ဟူသော သယံဇာတသည် ပို၍အရေး ကြီးသည်။ 


လက်ရှိ ပညာသင်ကြားလျက်ရှိ သော ကျောင်းသားလူငယ်များ၏ အနာဂတ်ဘဝ အလားအလာများသည် ပညာရေးစနစ် ကောင်းမွန်မှုအပေါ် မူတည်နေပါသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရန်အတွက် လက်တွေ့လုပ်ငန်း ခွင်နှင့် ဆက်စပ်မှုရှိသော လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် ပညာရေးစနစ်ဖြစ်ရန် အထူးလိုအပ်ပါသည်။ 


၂၁ ရာစုခေတ်သည် ပြိုင်ဆိုင်မှု ကြီးမားသော ခေတ်ဖြစ်၍ ဘွဲ့ရလျှင် ပညာတတ်ဖြစ်ပြီဟူသော အတွေးများ သည် တိုင်းပြည်အနာဂတ်အတွက် အလုပ်ဖြစ်လာနိုင်မည်မဟုတ်ပါ။ 


ယနေ့ခေတ် စီးပွားရေးအရွေ့နှင့် လိုက်လျောညီထွေရှိသော ပညာရေး စနစ်ဖြစ်ရန် အထူးလိုအပ်ပါသည်။

“ဆီကို ရေချိုး ၊ ဆေးရိုး မီးလှုံ” ဟူသည့်   သယံဇာတပေါကြွယ်ဝမှုကို တင်စားဂုဏ်ယူကာ  အချိန်ဖြုန်းတီး မှုများကို၊ ရှောင်ကြဉ်ကြရမည်ဖြစ်ပါ သည်။ “နက်ဖြန်ခါအတွက် တွေး၍ မပူတတ်သော ပျော်ပျော်နေသေခဲသည့် လူမျိုးများ” ဂုဏ်ယူနေကြမည့်အစား   ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတိုးတက်ရေး ကို အကြောင်းရှာ စိစစ်နိုင်ကြဖို့ လိုအပ်ပါ သည်။ ဤသို့လုပ်ဆောင်ကြပါက နိုင်ငံ့ စီးပွားရေးအတွက် အားတက်ဖွယ်ဖြစ် ပါသည်။


တွင်းထွက် သယံဇာတဆိုသည် မှာ၊ အကန့်အသတ်ရှိကြောင်းကိုနား လည် သိရှိထားကြရန်နှင့် တွင်းထွက် သယံဇာတများကို အထိန်းအကွပ် မဲ့စွာ ထုတ်ယူသုံးစွဲခြင်းကို သတိမူ ကြရန်လိုပါသည်။


ယခုအခါ  Facebook  တို့ Youtube တို့အပေါ်တွင်  post  များ  တင်ကြပြီး အချို့ ဒေသများတွင် ရွှေထွက်သည်၊ ရေနံထွက်သည်ဆိုကာ အလုအယက် တူးဖော်နေကြသည်ကို  မကြာခဏ မြင်တွေ့နေရသည်။ ထိုထက်ပိုဆိုး သည်မှာ အဖိုးများစွာထိုက်သော တွင်းထွက်ပစ္စည်းအမျိုးမျိုးကို နည်း ပညာအသုံးပြုကာ   Value added အဖြစ် ကုန်ချောပြုလုပ်ရောင်းချရန် စိတ်မကူးဘဲ စျေးပေါပေါဖြင့် ရောင်းချ နေကြခြင်းဖြစ်သည် တကယ်တမ်း ဆိုရပါလျှင် မြန်မာလူမျိုးများသည် မညံ့ကြပါ။ 


သယံဇာတပေါသော နိုင်ငံတို့တွင် ငြိမ်းချမ်းမှုမရကြဘဲ စစ်ပွဲများ၊ လက်နက် ကိုင်ပဋိပက္ခများ ဖြစ်ပွားနေခြင်းသည် အခြေခံအားဖြင့် သဘာဝသယံဇာတ များကြောင့်လည်း ဖြစ်သည်။ 


ထို့ကြောင့် မြေပေါ်မြေအောက် သယံဇာတများကို ထိန်းသိမ်းရန်အတွက် အစိုးရတစ်ဖွဲ့တည်းဖြင့် မလုံလောက် ဘဲ ပြည်သူများဘက်ကလည်းစည်းကမ်း လိုက်နာပြီး၊ ထုတ်ယူသုံးစွဲသမျှကို တရားဝင်ဆောင်ရွက်သွားရန် လွန်စွာ အရေးကြီးပါသည်။ 


နိုင်ငံတော်၏ အနာဂတ်အတွက် သယံဇာတများကို ထိန်းသိမ်းကာကွယ် ရန်နှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဖော်ဆောင်ပေးရန် လိုအပ်သကဲ့သို့ ပြည်သူများအနေဖြင့်လည်းဥပဒေ စည်းကမ်းများကို လိုက်နာဆောင် ရွက်သင့်ပေသည်။ မိမိတို့ဒေသထွက် သယံဇာတများကို ကုန်ချောအဖြစ် ထုတ်လုပ်သည့် ပညာရပ်များကို မျိုးဆက်သစ်တို့အား ဆည်းပူးသင်ယူ လေ့လာစေ၍ တန်ဖိုးမြင့်ကုန်ချော များ (Value added products) ထုတ်လုပ်တင်ပို့ရောင်းချ နိုင်လာ သည်အထိ  ဘက်စုံမြှင့်တင်ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပေ သည်။      ။ မောင်မောင်စွယ်စုံထွန်းဇူလိုင်   ၁၇







အခြားဆက်စပ်သတင်းများ