နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် နုတ်ထွက်၊ ခေါင်းဆောင်သစ်မရမချင်း၊ ဝန်ကြီးချုပ်တာဝန် ဆက်ယူမည်ဟုဆို

လန်ဒန်၊ ဇူလိုင် ၈


ဗြိတိန် အာဏာရ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင်နေရာမှ နုတ်ထွက် ပေးမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကြေညာလိုက်ပြီး ခေါင်းဆောင်အသစ် မရမချင်း ယင်းနှင့် အတူတာဝန်ထမ်းဆောင်ရန် ဝန်ကြီး အဖွဲ့ကို ဇူလိုင် ၇ ရက်တွင် ခန့်အပ်လိုက် သည်။ 


ဂျွန်ဆင်သည် ဗြိတိန်ဝန်ကြီးချုပ် အဖြစ်မှ ရာထူးနုတ်ထွက်မည်ဟုပြော ကြားသော်လည်း အစားထိုးရွေးချယ် ခံရသည်အထိ ဆက်လက်တာဝန်ထမ်း ဆောင်ရန် စီစဉ်နေခြင်းဖြစ်သည်။


ဇူလိုင် ၈ ရက်မှစ၍ ပါတီခေါင်းဆောင် သစ်ရွေးချယ်သည့် လုပ်ငန်းစဉ်များကို စတင်နေပြီး အချိန်ကာလ သတ်မှတ်ချက် ကိုလာမည့်သီတင်းပတ်တွင် ကြေညာ မည်ဖြစ်ကာ ခေါင်းဆောင်သစ်တက်မ လာမီအထိ တာဝန်များကို ဆက်လက် ထမ်းဆောင် သွားမည်ဖြစ်ကြောင်းဝန်ကြီး ချုပ်ဂျွန်ဆင်က ဒေါင်းနင်း လမ်းနေအိမ် ရှေ့တွင် ပြောသည်။


ကိုဗစ် လောခ့်ဒေါင်းချထားမှုများကို ချိုးဖောက်သည့် ဒေါင်းနင်းလမ်း၊ ခြံ အမှတ် ၁၀  တွင် ကျင်းပခဲ့သော ပါတီပွဲ ကြောင့် ဗြိတိန်ဝန်ကြီးချုပ်သည် ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး လပေါင်းများစွာအကြာ  ယခုသီတင်းပတ်တွင် နုတ်ထွက်လိုက် ရခြင်း ဖြစ်သည်။          (ref: Reuters)






အခြားဆက်စပ်သတင်းများ