နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်မျိုးကွဲများကို နာရီပိုင်းအတွင်း ခွဲခြားပေးသည့် စမ်းသပ်ရေးကိရိယာ စတင်အသုံးပြု

   နယူးယောက်၊ ဇူလိုင် ၇


ကိုဗစ်မျိုးကွဲများကို နာရီပိုင်းအတွင်း ခွဲခြားပေးသော စမ်းသပ်ရေး ကိရိယာ CoVarScan စက်ကို ရောဂါဗေဒပညာ ရှင်ဖြစ်သည့် ဂျေဖရီဆိုရီးလ်နှင့် ယင်း ၏အဖွဲ့သားများက တီထွင်ထုတ်လုပ် ထားရာ ယင်းကို စတင်အသုံးပြုနေပြီ ဖြစ်သည်။


ထိုစက်သည် ကိုဗစ်-၁၉ မျိုးကွဲရှစ် ခုကို နာရီပိုင်းအတွင်း ခွဲခြားပေးနိုင်ပြီး လက်ရှိတွင် လူနာပေါင်း ၄၀၀၀ ကျော်၏ ရောဂါနမူနာများကို၊ စမ်းသပ်ပြီးနောက် ကိုဗစ်-၁၉ မျိုးကွဲများကို၊ အချိန်တိုအတွင်း စမ်းသပ်သိမြင်နိုင်ရန်၊ အလွန်တိကျ သောအဖြေများကို ပေးနိုင်သည်။


အဆိုပါစက်သည်၊ ကိုဗစ်-၁၉ ပြန့် ပွားမှုကို အချိန်တိုအတွင်း၊ စမ်းသပ်သိ ရှိနိုင်သောကြောင့်၊ မြောက်တက္ကဆက် ပြည်နယ်တွင်၊ ကိုဗစ်-၁၉ မျိုးကွဲများ ကိုသိရှိစေရန် စတင်အသုံးပြုနေကြပြီး လိုအပ်သလို စည်းကမ်းချမှတ်မှုများကို လည်းပြုလုပ်နေပြီ ဖြစ်သည်။


ကိုဗစ်-၁၉ စမ်းသပ်ရေး စက်ပစ္စည်း များသည်၊ ပြန်လည်ထိန်းညှိပေးရန် အမြဲတမ်းလိုအပ်သော်လည်း၊ ယခု CoVarScan စက်သည်၊ ပြင်ဆင်ထိန်း ညှိပေးရန် မလိုအပ်ဘဲ၊ ကိုဗစ်-၁၉ မျိုး ကွဲများအားလုံးအတွက်၊ စမ်းသပ်မှုကို ပြုလုပ်နိုင်ကြောင်း၊ ဂျေဖရီဆိုရီးလ်က ပြောသည်။   (Ref: Reuters)






အခြားဆက်စပ်သတင်းများ