နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပတွင် လူကုန်ကူးမှုနှင့်ပတ်သက်သူ ၁၃၀ ဦး ခန့်ကို ဖမ်းဆီး

 ဘာလင်၊ ဇူလိုင် ၇


ဥရောပတစ်ဝန်း လူကုန်ကူးမှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ အယောက် ၁၃၀ ဝန်းကျင်ကို ဥရောပနိုင်ငံ ၂၂ နိုင်ငံက ပူးတွဲစစ်ဆင်ရေးပြုလုပ်ကာ ဖမ်းဆီးလိုက်ကြောင်း နိုင်ငံတကာ ရဲအေဂျင်စီ (ယူရိုပိုလ်) က ဇူလိုင် ၆ ရက်တွင် သတင်းထုတ်ပြန်သည်။


ဂျာမနီနိုင်ငံရှိ အော့စ်နာ ဘရူးအက်ခ် ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ယင်းတို့ သည်နေအိမ်အဆောက်အဦ ၃၆ ခုကို ရှာဖွေခဲ့ပြီး လူ ၁၈ ယောက်ကို ဖမ်းဆီးခဲ့ကာ ယင်းစီးနင်းမှုများအတွက် သက်သေအလုံအလောက် ရရှိထားကြောင်း ဆိုသည်။


ယူရိုပိုလ်ကမူ ရက်သတ္တပတ်အတွင်း ပြုလုပ်ခဲ့သည့် ရဲအရေးယူမှုများကြောင့် ပြီးခဲ့သည့် ဇွန် ၁၃ ရက်အထိ လူကုန်ကူးခံရသူ ၁၀၀ ဦးကျော်ကို၊ ဖော်ထုတ်ထား ပြီးဖြစ်သည်။


အလားတူ၊ အီးယူ နယ်ခြားအေဂျင်စီ Frontex ကလည်း၊ ယင်း၏ ပူးပေါင်း ဆောင်ရွက်သည့်၊ စစ်ဆင်ရေးအတွင်း အဓိကအားဖြင့် ဥရောပကို သွားရာတွင် အလွန်အသုံးများသည့် ကုန်းကြောင်း နှင့် လေကြောင်း လမ်းများတွင် လူတစ်သန်း နီးပါးနှင့် ယာဉ်စီးရေ နှစ်သိန်းနီးပါးကို စစ်ဆေးမှုများ ပြုလုပ်သည်။


ဖမ်းဆီးမှုများကို အရေးယူဆောင်ရွက်ရာတွင်၊ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီး နား၊ မွန်တီနီဂရိုး၊ မြောက်မက်ဆီဒိုးနီးယား၊ ဆားဗီးယား၊ ယူကရိန်း၊ ဗြိတိန်နှင့် လစ်ချ်တန်စတိန်းတို့နှင့်အတူ အီးယူတဝန်းမှ ၁၅ နိုင်ငံနှင့် ဥပဒေအရာရှိ ၂၂,၅၀၀ ဦးခန့် ပါဝင်သည်။          (ref: AP)






အခြားဆက်စပ်သတင်းများ