နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီဖယ်လ်မျှော်စင် ပြန်လည် ပြုပြင်မည်

  ပဲရစ်၊ ဇူလိုင် ၇


ကမ္ဘာ့အထင်ကရ အဆောက်အဦ များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပဲရစ်မြို့ရှိ အီဖယ်လ်မျှော်စင်သည် သံ ချေးများတက်နေသဖြင့်၊ အပြည့်အဝ ပြန်လည်ပြုပြင်မည် ဖြစ်သည်။


၂၀၂၄ ခုနှစ် အိုလံပစ်အားကစား ပြိုင်ပွဲကို၊ ပဲရစ်မြို့တွင် ကျင်းပမည်ဖြစ် သောကြောင့်၊ ယူရိုသန်း ၆၀ ကုန်ကျခံ ကာ အီဖယ်လ်မျှော်စင်ကို၊ ပြန်လည် ဆေးသုတ် အလှဆင်မည်ဖြစ်ပြီး၊ ယခု အကြိမ်နှင့်ဆိုလျှင်၊ ဆောက်လုပ်ပြီးစီး သည့် အချိန်မှစ၍၊ အကြိမ် ၂၀ မြောက် ဆေးပြန်လည်သုတ်ခြင်း ဖြစ်သည်။


 ၁၉ ရာစုနှစ်နှောင်းပိုင်း၌ Gustave Eiffel ဆိုသူ တည်ဆောက်ထားသော ၃၂၄ မီတာ (၁,၀၆၃ ပေ) မြင့်သည့် အဆိုပါမျှော်စင်သို့ နှစ်စဉ် ကမ္ဘာလှည့် ခရီးသွားခြောက်သန်းခန့် လာရောက် လည်ပတ်လျက်ရှိသည်။


အဆိုပါမျှော်စင်သည် ခိုင်ခံ့မှုအား နည်းလာပြီး၊ သံချေးများ စွန်းထင်းနေ သည့်အကြောင်းအရင်းကို၊ မျှော်စင် ကြီးကြပ်သည့် Societe d'Exploitation de la Tour Eiffel ကုမ္ပဏီ သို့မှတ်ချက် ပေးရန် ဆက်သွယ်ထားသော်လည်း ပြန် လည်ဖြေကြားခြင်း မရှိသေးကြောင်း သိရသည်။


SETE ကုမ္ပဏီအနေဖြင့် ပြန်လည် ပြင်ဆင်ရန် အချိန်လိုအပ်သော်လည်း ခရီးသွားဝင်ငွေများစွာ ဆုံးရှုံးနိုင်သော ကြောင့်မျှော်စင်ကို အချိန်ကြာမြင့်စွာ ပိတ်ရန် ဝန်လေးနေသည်။ (ref: Reuters)






အခြားဆက်စပ်သတင်းများ