နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံ ဒေဝါလီခံထားသောကြောင့် IMF နှင့် ဆွေးနွေးပွဲများခက်ခဲနေကြောင်းသီရိလင်္ကာပြော

ကိုလံဘို၊ ဇူလိုင် ၇


သီရိလင်္ကာနိုင်ငံသည် ဒေဝါလီခံထား သောကြောင့် နိုင်ငံတကာငွေကြေး ရန်ပုံ ငွေအဖွဲ့ (IMF) ထံမှ အကူအညီရရှိရေး ဆွေးနွေးပွဲများ ခက်ခဲလျက်ရှိကြောင်း နိုင်ငံ၏ ဝန်ကြီးချုပ်က ဇူလိုင် ၆ ရက်တွင် ပြောသည်။


နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့နှင့် ဆွေးနွေးပွဲများ ပြုလုပ်ခြင်းသည်များစွာ အကျိုးရှိသော်လည်း လက်ရှိတွင် နိုင်ငံ ဒေဝါလီခံထားသည့် အနေအထားကြောင့် ယခင်ကဲ့သို့ မလွယ်ကူကြောင်း ဝန်ကြီး ချုပ်ရာနေးဝစ်ခရီမက်ဆင်ဂီက ပြော သည်။


တောင်အာရှ ကျွန်းစုနိုင်ငံဖြစ်သော သီရိလင်္ကာသည်၊ သမိုင်းတွင်အကြီးမား ဆုံးစီးပွားရေး အကျပ်အတည်းကိုရင် ဆိုင်နေရကာ၊ ပြည်သူများသည်အဓိက ကျသော ကုန်စည်များ၊ အစားအသောက်၊ ဟင်းချက်ရန် ဓာတ်ငွေ့နှင့် ဆေးဝါးအပြင်း အထန်မလုံလောက်မှုကို၊ ခံစားနေရသည့် အပြင်၊ အစိုးရအနေဖြင့်လည်း စာသင် ကျောင်းများကို၊ ပိတ်ထားရပြီး အဓိက ကျသော ဝန်ဆောင်မှုလုပ်ငန်းများမှအပ ကျန်လုပ်ငန်းများကို၊ အိမ်မှလုပ်ရန် ပြော ကြားထားရသည်။ 


ယခင်က သီရိလင်္ကာနိုင်ငံသည် ဖွံ့ဖြိုး ဆဲနိုင်ငံတစ်ခုအဖြစ်၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့နှင့် ဆွေးနွေးပွဲများ၊ အကြိမ် ကြိမ်လုပ်ဆောင်ခဲ့သော်လည်း၊ လက်ရှိ တွင်အခြေအနေများ၊ မတူညီတော့ကြောင်း ဝန်ကြီးချုပ်က ပြောသည်။        

(ref: AP)






အခြားဆက်စပ်သတင်းများ