နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇင်ဘာဘွေတွင် ငွေစက္ကူအစား ရွှေဒင်္ဂါးများ စတင်အသုံးပြုမည်

 ဟာရာရီ၊ ဇူလိုင် ၇


နိုင်ငံအတွင်းဖြစ်ပေါ်နေသော ငွေ ကြေးဖောင်းပွမှု နှင့် ငွေကြေးတန်ဖိုးများ ကျဆင်းလာခြင်းကြောင့် ဇင်ဘာဘွေ နိုင်ငံတွင် ရွှေဒင်္ဂါးများကို စတင်အသုံး ပြုမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်သည်။


ရွှေဒင်္ဂါးများကို လာမည့် ဇူလိုင် ၂၅ ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး ယင်းကို ဒေသငွေကြေး၊ ကန်ဒေါ်လာနှင့် အခြားသော နိုင်ငံခြားငွေများနှင့်လည်း ဝယ်ယူနိုင်မည်ဖြစ်ကာ ရွှေဒင်္ဂါးကို နိုင်ငံ တကာရွှေစျေးနှုန်းအပေါ် မူတည်ပြီး ရောင်းချပေးမည် ဖြစ်ကြောင်းဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဂျွန်မန်ကူဒယားက ပြောသည်။


Mosi-oa-tunya ဟုခေါ်သည့် အဆိုပါ ရွှေဒင်္ဂါးပြားများကို၊ ငွေသား အဖြစ်ပြောင်းလဲ အသုံးပြုရမည်ဖြစ်ပြီး ဒေသတွင်း ကုန်သွယ်ရေးနှင့် နိုင်ငံတကာ ကုန်သွယ်ရေးတွင်လည်းငွေစက္ကူအစား ထိုးငွေကြေးအဖြစ် အသုံးပြုနိုင်မည်ဖြစ် ကြောင်းဗဟိုဘဏ်၏ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။


ရွှေပမာဏ ၂၂ ကာရက်ပါဝင်မည့် ထိုရွှေဒင်္ဂါးပြားကို၊  စီးရီးနံပါတ်ဖြင့် အတည်ပြုနိုင်မည်ဖြစ်ပြီး ငွေသား အဖြစ်သို့ အလွယ်တကူ ပြောင်းလဲနိုင် မည်ဖြစ်ကာ၊ နိုင်ငံတကာတွင် မြင့်တက် နေသော ငွေကြေးဖောင်းပွမှုနှင့် စစ်ပွဲ များ၏ အကျိုးဆက်များကို ရှောင်ရှား နိုင်ရန် ရွှေကိုအသုံးပြုကြခြင်း ဖြစ် သည်။               

(ref: Bloomberg)






အခြားဆက်စပ်သတင်းများ