နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
LG က IPS QHD ရုပ်ထွက်ပါဝင်သည့် Ergo Monitor ကို ရောင်းချ

ဇွန်   ၉


LG က Ergo Monitor ၏ ၂၇ လက်မ ဗားရှင်းကို စတင်ရောင်းချလာပြီဖြစ်သည်။ LG Ergo Monitor မှာ ၂၇ လက်မ IPS QHD ရုပ်ထွက် သုံးထားပြီး 2560 x 1440px Resolution ရှိသည်။ ၃၂ လက်မ ဗားရှင်းကဲ့သို့ စားပွဲမှာ တပ်ဆင်ရန်အတွက် Stand ပါဝင်သည်။ Stand ကို လိုသလို နိမ့်/မြင့် လုပ်နိုင်သလို လှည့်လည်း လှည့်နိုင်မည်ဖြစ်သည်။


ထို့အပြင် AMD Radeon Free Sync ၊ HDR10 နှင့် 99% sRGB Color-Space ထောက်ပံ့ထားသည်။ USB Type C ပေါက် ပါဝင်ကာ 60W Power Delivery ၊ HDMI ပေါက် နှစ်ခု၊ Dual Downstream USBs တို့လည်း ပါဝင် သည်။


LG Ergo Monitor မှာ 75Hz Refresh Rate ပါဝင်ကာ ရုပ်ထွက်ကလည်း 5 Millisecond (ms) Gray-to-gray (GtG) ထောက်ပံ့ထားသည်။


LG US ဝက်ဘ်ဆိုက်မှာ ဒေါ်လာ ၄၅၀ ဖြင့် ရောင်းချနေခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက်တွင် အခြားအွန်လိုင်းစတိုးများမှာလည်း ရောင်းချသွားမည်ဖြစ်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ