နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမှု ပြည်တွင်းပြန်ရန်မလို

ရန်ကုန် ဇူလိုင် ၇


ပြည်ပရောက် မြန်မာနိုင်ငံ သားများအနေဖြင့် နိုင်ငံကူး လက်မှတ် သက်တမ်းတိုးမှုနှင့် အသစ်လျှောက်ထားမှုများကို ပြည်တွင်းပြန်ရန်မလိုဘဲ သက် ဆိုင်ရာ နိုင်ငံများက မြန်မာသံ ရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်၀န်ချုပ်ရုံး များ၌ပုံမှန်အတိုင်း လုပ်ဆောင် နိုင်ကြောင်း သိရသည်။


ဗန်ကောက်မြိုရှိ  မြန်မာ သံ ရုံးအနေဖြင့်ထိုင်းနိုင်ငံ၌ရောက် ရှိ အလုပ်လုပ်ကိုင်နေသည့်မြန်မာ နိုင်ငံသားများ၏ နိုင်ငံကူးလက် မှတ်သက်တမ်းတိုးလုပ်ငန်းများ ကို သံရုံး၌ပုံမှန် အတိုင်းလက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။


ယင်းသံရုံး၌ လက်ခံဆောင် ရွက်ပေးလျက်ရှိသည့် နိုင်ငံကူး လက်မှတ်အမျိုးအစားများမှာ ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင် နေသည့် မြန်မာနိုင်ငံသားများ ကိုင်ဆောင်သည့်  PJ အမျိုး အစား နိုင်ငံကူးလက်မှတ်များ၊ ပြည်ပ၌ ပညာသင်ကြားလျက် ရှိသည့် မြန်မာနိုင်ငံသား ကျောင်းသားများ ကိုင်ဆောင် သည့် PE အမျိုးအစားနိုင်ငံကူး လက်မှတ်များ၊ ပြည်ပ၌ပညာ သင်ကြားလျက်ရှိသည့် သံဃာ တော်များ ကိုင်ဆောင်သည့်  PR အမျိုးအစားနိုင်ငံကူးလက် မှတ်များ၊ ထိုင်းနိုင်ငံတွင် မှီခို ဗီဇာဖြင့် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ ကိုင် ဆောင်သည့် PT  အမျိုးအစား နိုင်ငံကူးလက်မှတ်များ၊ မြန်မာ နိုင်ငံသား သင်္ဘောသားများ ကိုင်ဆောင်သည့် PS အမျိုး အစားနိုင်ငံကူး လက်မှတ်များ စသည် တို့ဖြစ်သည်။


ဗန်ကောက်မြို့ရှိ မြန်မာ သံရုံးတွင် ဖော်ပြပါ နိုင်ငံကူး လက်မှတ်များ၏ သက်တမ်းတိုး လုပ်ငန်းများကို   သံရုံး၌ ကြို တင်ရက်ချိန်းရယူပြီးပါကနေ့ ချင်းပြီး ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။     CN 015






အခြားဆက်စပ်သတင်းများ