နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူသို့ ကြက်သားတင်ပို့မှု ပိတ်ပင်ထားမှုရုပ်သိမ်းရန် မလေးရှား တောင်းဆို

   ကွာလာလမ်ပူ၊ ဇူလိုင် ၆


မလေးရှား ကြက်မွေးမြူရေး လုပ်ငန်း ရှင်များက၊ စင်ကာပူသို့ ကြက်သားတင်ပို့မှု၊ တားမြစ်ထားချက်ကို၊ ရုတ်သိမ်းပေးရန် မလေးရှားအစိုးရကို၊ ဇူလိုင် ၅ ရက်တွင် တောင်းဆိုလိုက်သည်။


ပြည်တွင်းဈေးကွက်၌၊ ရောင်းလို အားတည်ငြိမ်နေပြီဖြစ်၍၊ ဇွန်ကစတင် ခဲ့သည့် ပို့ကုန်တားမြစ်ချက်ကို အဆုံး သတ်ပေးရန်အတွက်၊ အစိုးရနှင့် ဆွေးနွေး နေ ကြောင်း၊ မလေးရှားမွေးမြူရေးလုပ်ငန်း ရှင်များအသင်း (FLFAM)၏ အကြံပေး အရာရှိ Jeffry Ng ကပြောသည်။ 


စင်ကာပူ ဖောက်သည်များနှင့် နှစ်ပေါင်းများစွာ၊ ဆက်ဆံရေးကိုပျိုး ထောင်ထားကာ၊ စာချုပ်များ ချုပ်ဆိုထား သောကြောင့်၊ လုပ်ငန်းရှင်များက ယင်းတို့ ၏မွေးမြူရေးလုပ်ငန်းများ၊ ထိခိုက်မည် ကိုပူပန်နေသည်ဟု ၎င်းက ဆိုသည်။


မလေးရှားတွင် ရောင်းလိုအားနှင့် ဈေး နှုန်းပြဿနာများကြောင့်၊ တစ်လလျှင် ကြက် ၃ ဒသမ ၆ သန်းအထိ၊ တင်ပို့ခွင့် ပိတ်ပင်ထားကာ၊ ထုတ်လုပ်မှုစရိတ်မြင့် တက်လာခြင်း၊ ရောဂါကူးစက်မှုနှင့် ရာသီ ဥတုအခြေအနေတို့သည်၊ ကြက်ခြံများ၏ လုပ်ငန်းလည်ပတ်မှုကို၊ ထိခိုက်စေသည့် အကြောင်းရင်းများဖြစ်သည်။


မလေးရှား တင်သွင်းခွင့်ပိတ်ပင်မှု ကြောင့်၊ စင်ကာပူသည် ကြက်သားတင် သွင်းမှု၏၊ သုံးပုံတစ်ပုံခန့်ကို အင်ဒိုနီးရှားရှိ ကြက်များကို အစားထိုးကာ ပြောင်းလဲဝယ် ယူသွားမည်ဟု၊  ကြေညာထားပြီးစင်ကာပူ နိုင်ငံသို့၊ ကြက်များတင်ပို့ရန်  အသိအမှတ် ပြုထားသော နိုင်ငံပေါင်း ၂၀ ကျော်စာ ရင်းတွင်၊ အင်ဒိုနီးရှားသည် ရင်းမြစ် အသစ် အဖြစ်ထည့်သွင်းခံလာ ရပြီဖြစ်ကြောင်း၊  စင်ကာပူစားနပ် ရိက္ခာအေဂျင်စီက ပြော သည်။ 

(ref: CNA)






အခြားဆက်စပ်သတင်းများ