နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတလီ မြောက်ပိုင်း မိုးခေါင်ရေရှားမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာ

 ရောမ၊ ဇူလိုင် ၆


အီတလီနိုင်ငံရှိ ပိုမြစ်သည်၊ နှစ်ပေါင်း ၇၀ အတွင်း၊ အဆိုးရွားဆုံး မိုးခေါင်မှု ဒဏ်ကို၊ ခံစားနေရသဖြင့်၊ ၎င်းမြစ်အနီး ဝန်းကျင်ဒေသများကို၊ အရေးပေါ်ကြေ ညာချက် ထုတ်ပြန်ထားကြောင်း၊ ဇူလိုင် ၅ ရက်သတင်းများတွင်၊ ဖော်ပြချက်အရ သိရသည်။


ပိုမြစ်သည်၊ နိုင်ငံတွင်း လယ်ယာ ထုတ်လုပ်ရေးလုပ်ငန်း၊ သုံးပုံတစ်ပုံ၏ အားထားရာ၊ မြစ်တစ်စင်းဖြစ်ပြီး အစိုးရအမိန့်အရ၊ အာဏာပိုင်များသည် လိုအပ်ပါက၊ အိမ်နှင့် စီးပွားရေးလုပ်ငန်း များအတွက်၊ ရေခွဲတမ်းချ ပေးခြင်းကဲ့သို့ သောစနစ်များကို၊ စတင်ကျင့်သုံးမည် ဖြစ်သည်။


ပိုမြစ်သည် အီတလီနိုင်ငံ၏အရှည် ဆုံးမြစ်ဖြစ်ပြီး၊ ၆၅၀ ကီလိုမီတာ (မိုင် ၄၀၀ ကျော်) ရှည်လျားကာ၊ အီတလီ မြောက်ပိုင်းသို့၊ ဖြတ်သန်းစီးဆင်းလျက် ရှိသည်။ ယခုအခါ ၎င်းမြစ်၏၊ ရေလမ်း ကြောင်းအများအပြား ခန်းခြောက်သွား ပြီး၊ ရေစီးဆင်းမှု အားနည်းလာသဖြင့် ပင်လယ်ရေများ၊ ကုန်းတွင်းပိုင်းသို့စိမ့် ဝင်လာကာ၊ ကောက်ပဲသီးနှံများ ပျက်စီး လျက်ရှိကြောင်း၊ လယ်သမားများကဆို သည်။


မြောက်ပိုင်းဒေသ ငါးခုဖြစ်သည့်၊ အီမီလီယာ ရိုမန်ညာ၊ ဖရီယူလီ ဗင်နီဇီး ယား ဂျူလီယာ၊ လမ်ဘာဒီ၊ ပိဒ်ဒမောင့် နှင့်ဗင်နီတို စသည့်ဒေသများ၌၊ အရေး ပေါ်အခြေအနေ ထုတ်ပြန်ထားပြီး ရေ ပြတ်လပ်မှုကို၊ ကိုင်တွယ်ဖြေရှင်းရန် ကနဦးရန်ပုံငွေ ယူရို ၃၆ ဒသမ ၅ သန်း (ဒေါ်လာ ၃၈ သန်း) လျာထား ကာ၊ ရေပြတ်လပ်ဒဏ် ခံစားနေရသူ များကိုလည်း၊ ကယ်ဆယ်ရေးနှင့် အကူ အညီများ ပေးသွားမည်ဖြစ်ကြောင်း အစိုးရက ပြောသည်။   

(ref: Reuters)






အခြားဆက်စပ်သတင်းများ