နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချီကာဂို ချီတက်ပွဲ ပစ်ခတ်မှု ခြောက်ဦးသေဆုံး ၂၄ ဦးဒဏ်ရာရ

   ချီကာဂို၊ ဇူလိုင် ၆


ချီကာဂိုမြို့စွန် ဟိုက်လန်းပတ်ခ် ချီတက်ပွဲတွင်၊ ပစ်ခတ်မှုဖြစ်ပွားသော ကြောင့်၊ လူအနည်းဆုံး ခြောက်ဦး သေဆုံးကာ ၂၄ ဦးဒဏ်ရာရသွားပြီး သံသယရှိသူကို လိုက်လံရှာဖွေနေ ကြောင်း၊ ရဲတပ်ဖွဲ့က ဇူလိုင် ၅ ရက်တွင် ပြောသည်။


ခေါင်မိုးထိပ်မှပစ်ခတ်သည်ဟု၊ ယူဆ ရသော သံသယရှိသူကို၊ ရဲတပ်ဖွဲ့ကရှာ ဖွေနေချိန်တွင်၊ ပြည်သူများအနေဖြင့် မိမိတို့နေထိုင်သည့်၊ နေရာမှ တဖဝါးမျှ မရွှေ့ကြရန်၊ အခင်းဖြစ်ပွားသောနေရာ တွင် ဦးစီးနေသူ၊ ဟိုက်လန်းပတ်ခ် ရဲတပ် ဖွဲ့မှူးခရစ်အိုနီးလ်က၊ ပြည်သူများကို တိုက်တွန်းထားသည်။ 


သေနတ်သမားသည်၊ ပြင်းအားမြင့် သောရိုင်ဖယ်သေနတ် တစ်လက်ကို အသုံးပြုကာ၊ အိမ်ခေါင်မိုးမှ ပစ်ခတ် ခြင်းဖြစ်ပြီး၊ ယင်းသေနတ်ကို အခင်းဖြစ် ပွားသောနေရာတွင်၊ သိမ်းဆည်းရမိ ကြောင်းခရိုင်ရာဇဝတ်မှု တိုက်ဖျက်ရေး တပ်ဖွဲ့ပြောခွင့်ရသူ ခရစ်စတိုဖာကိုဗယ် လီက ပြောသည်။ ပစ်ခတ်မှုဖြစ်ပွားနေ ချိန်တွင်၊ ချီတက်ပွဲသည် လေးပုံသုံးပုံခန့် ပြီးစီးနေပြီဖြစ်သည်။            

 (ref: AP)






အခြားဆက်စပ်သတင်းများ