နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်သွင်းကုန်များ စည်းကြပ်ခွန်အချို့အမေရိကန် ပြန်ရုပ်သိမ်းမည်

 ဝါရှင်တန်၊ ဇူလိုင် ၆


တရုတ်သွင်းကုန်များအပေါ်၊ စည်းကြပ်ခွန်အချို့၊ ပြန်လည်ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်ကို၊ ယခုသီတင်းပတ်အတွင်း၊ ကန်သမ္မတဂျိုးဘိုင်ဒင်က ကြေညာ မည်ဖြစ်ကြောင်း၊ ဒေသမီဒီယာများက ဇူလိုင် ၅ ရက်သတင်းများတွင် ဖော်ပြသည်။


Dow Jones Industrial Average (DJIA) အစီရင်ခံစာအရ၊ ယင်းသို့ပြန် လည်ရုပ်သိမ်းခြင်းသည်၊ အမေရိကန်၏ ပြည်တွင်း ငွေကြေးဖောင်းပွမှုကို လျှော့ ချနိုင်သကဲ့သို့၊ တရုတ်အပေါ်ဖိအားကိုလည်း၊ လျှော့ချခြင်းဖြစ်သည်။


အဆိုပါ စည်းကြပ်ခွန်မူဝါဒ အပြောင်းအလဲတွင်၊ အဝတ်အထည်နှင့် ကျောင်းသုံး ပစ္စည်းများအပါအဝင်၊ လူသုံးကုန်ပစ္စည်းများအပေါ်၊ စည်းကြပ်ခွန်ဆိုင်းငံ့ပေးရန် နှင့်သွင်းကုန်ခွန် လျှော့ပေါ့ပေးရန်တို့ကိုပါ၊ ကုန်ပစ္စည်းတင်သွင်းသူများက တောင်း ဆိုထားသည်။ အမေရိကန်အနေဖြင့်၊ တရုတ်သွင်းကုန်များကို၊ အခွန်ဖြင့် ဟန့်တား ထားခြင်းကြောင့်၊ အချို့သော စီးပွားရေးလုပ်ငန်းများအတွက်၊ အကျိုးအမြတ်ရ သော်လည်း၊ ကုန်ထုတ်လုပ်မှုအပါအဝင်၊ အခြားနယ်ပယ်များနှင့် ကုန်ပစ္စည်းသုံးစွဲ သူများအတွက်မူ၊ ကုန်စျေးနှုန်းမြင့်တက်ခြင်းကြောင့်၊ ထိခိုက်နစ်နာရကြောင်း အစီ ရင်ခံစာတွင် ဖော်ပြထားသည်။ (ref: Reuters)






အခြားဆက်စပ်သတင်းများ