နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာဂြိုဟ်၊ လနှင့် အင်္ဂါဂြိုဟ်များပါဝင်သော လမ်းပြမြေပုံကို ESA ထုတ်ပြန်

  ဘရပ်ဆဲလ်၊ ဇူလိုင် ၆


ဥရောပအာကာသအေဂျင်စီအနေဖြင့် ကမ္ဘာဂြိုဟ်၊ လနှင့် အင်္ဂါဂြိုဟ်များပါဝင် သော၊ လမ်းပြမြေပုံကို အာကာသစူးစမ်း လေ့လာမှုအတွက်၊ ဥရောပကောင်စီကို တင်ပြထားသည်။


ယင်းသည် သိပ္ပံနည်းပညာ၊ စီးပွား ရေးနှင့် လူမှုအသိုင်းအဝိုင်း၊ အကျိုး အတွက် ဥရောပနိုင်ငံများ၏၊ ခြေလှမ်း တစ်ခုကို၊ စတင်နေခြင်း ဖြစ်သည်။ အသစ်ရေးဆွဲထားသော လမ်းပြမြေပုံ ကို Tarrae Novae 2030+ ဟုခေါ်ပြီး ယင်းနာမည်သည်၊ လက်တင်ဘာသာ စကားဖြစ်ကာ၊ ကမ္ဘာသစ်ဟု အမည်ရ ပြီးဥရောပ၏၊ အနာဂတ် အာကာသ စူးစမ်းရှာဖွေမှုများတွင်၊ ထိပ်ဆုံးနေရာ ကိုရယူထားနိုင် ရန်ယခုကဲ့သို့ လမ်းပြ မြေပုံကို ရေးဆွဲခြင်းဖြစ်သည်။


ထို့ပြင် ကမ္ဘာဂြိုဟ်၏ ပတ်လမ်း အနိမ့်ပိုင်းတွင်၊ ဆက်လက်အလုပ်လုပ် နိုင်ပြီးလာမည့် ၂၀၃၀ ခုနှစ်တွင်လ ကမ္ဘာကို လူသားများ စေလွှတ်နိုင်ရန် အသုံးဝင်မည်ဟုလည်း မျှော်လင့်ထား ကာ၊ အင်္ဂါဂြိုဟ်သို့ လူသားများ၊ ခရီးနှင် ရာတွင် ဥရောပကလည်း၊ ပါဝင်ပြင်ဆင် ပေးနိုင်မည်ဖြစ်ကြောင်း၊ ESA ၏ Human and Robotic Exploration ဌာနညွှန်ကြားရေးမှူးဖြစ်သူ၊ ဒေးဗစ်ပါ ကာက ပြောသည်။  (ref: Bloomberg)






အခြားဆက်စပ်သတင်းများ