နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ်ဝန်ဖျက်ချပေးသည့် ဆေးခန်းများ တည်နေရာကို Google အလိုအလျောက် ဖယ်ရှားမည်

နယူးယောက်၊ ဇူလိုင် ၅ 


အမေရိကန် တရားရုံးချုပ်သည် ပြည်နယ်အများအပြားတွင် ကိုယ်ဝန် ဖျက်ချမှုကို ပိတ်ပင်ရန် ကြေညာပြီး နောက် Google က ကိုယ်ဝန်ဖျက်ချ ပေးသည့် ဆေးခန်းများနှင့် ယင်းနေရာသို့ သွားရောက်ထားသော သုံးစွဲသူများ၏ အကြောင်းအရာ အချက်အလက်များ ကိုအလိုအလျောက် ဖယ်ရှားမည်ဖြစ် ကြောင်း ထုတ်ပြန်လိုက်သည်။


 အလားတူ သားဖွားမီးယပ်စင်တာ များ၊ ကိုယ်အလေးချိန်လျှော့ချသည့် ဆေးခန်းများ၊ အလှပြင် ခွဲစိတ်မှုဆေး ခန်းများ၏ တည်နေရာမှတ်တမ်းများ ကိုလည်း Google မှ ဖယ်ရှားသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။


အစိုးရအာဏာပိုင်များနှင့် အခြား ပြင်ပလူများ၏ ကိုယ်ရေး အချက်အလက် များကို ပိုမိုအကာအကွယ်ပေးရန် Google နှင့်အခြားနည်းပညာ ကုမ္ပဏီထံတွင် ဖိအား များတိုးလာပြီးနောက် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 


အမေရိကန် တရားရုံးချုပ်တွင် မကြာ သေးမီက ကိုယ်ဝန်ဖျက်ချခြင်းကိုတရားမ ဝင်ကြောင်း ဆုံးဖြတ်ခဲ့ပြီး အမေရိကန် ပြည်နယ်တစ်ဒါဇင်ကျော်တွင် ကိုယ်ဝန် ဖျက်ချခြင်းကို တားမြစ်ထားခြင်းဖြစ် သည်။           (ref: AFP)






အခြားဆက်စပ်သတင်းများ