နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘတ်စ်ကားတစ်စီး လျှိုမြောင်အတွင်း ပြုတ်ကျ၊ လူဒါဇင်ကျော် သေဆုံး

ကရာချိ၊ ဇူလိုင် ၅


ပါကစ္စတန်နိုင်ငံ အနောက်တောင် ပိုင်းတွင်၊ မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ခရီးသည်တင်ဘတ်စ်ကားတစ် စီးတောင်ပေါ်လမ်းမှ ချော်ကျတိမ်းမှောက် ရာခရီးသည် ၁၉ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိကြောင်း၊ ပြည်နယ်အစိုးရက ဇူလိုင် ၄ ရက်တွင် ပြောသည်။


 ခရီးသည် ၃၅ ဦးလိုက်ပါလာသော၊ အဆိုပါဘတ်စ်ကားသည်၊ မြို့တော် အစ္စလာမ်မာဘတ်မှ ကွီတာသို့သွားသည့် ခရီးစဉ်အတွင်း၊ ဘလူချီစ္စတန်တွင်တိမ်း မှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရှီရာနီခရိုင် လက်ထောက်အုပ်ချုပ်ရေးမှူး မဟာ တက်ဘ်ရှာဟ်က ပြောသည်။


ဒဏ်ရာရသူအများစုသည်၊ စိုးရိမ် ရသည့် အခြေအနေတွင် ရှိနေသော ကြောင့်၊ သေဆုံးသူဦးရေ တိုးလာမည်ဟု ခန့်မှန်းထားပြီး၊ ခိုင်ဘာပက်ရှ်ဝါပြည် နယ်နှင့် ကပ်နေသည့် ပတ်ဝန်းကျင် တွင်အပျက်အစီးများကြားမှ အသက် ရှင်ကျန်ရစ်သူများကို၊ ကယ်ဆယ်ရေး သမားများက ရှာဖွေနေသည်။


ဘတ်စ်ကားသည် မိုးသည်းထန်စွာ ရွာသွန်းနေချိန် မိုးရေကြောင့်၊ ချော်နေ သောလမ်းပေါ်တွင် တိမ်းမှောက်ကာ ပေ ၂၀၀ (၆၁ မီတာ) ခန့် အနက်သို့ ပြုတ်ကျသွားခြင်းဖြစ်သည်။  (ref: AP)






အခြားဆက်စပ်သတင်းများ