နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပူချိန်မြင့်တက်ပြီး ရေခဲမြစ်ပြိုကျအနည်းဆုံး ခြောက်ဦး သေဆုံး

ရောမ၊ ဇူလိုင် ၅ 


စံချိန်တင်မြင့်မားသော အပူချိန် ကြောင့်၊ အီတလီရှိ အဲလ်ပ်စ် တောင်တန်း တွင်ရေခဲမြစ် အစိတ်အပိုင်းအချို့ပြိုကျ ရာ၊ အနည်းဆုံး လူခြောက်ဦးသေဆုံး သွားကြောင်း ဒေသဆိုင်ရာ အာဏာပိုင် များက ဇူလိုင် ၄ ရက်တွင် အတည်ပြု ပြောသည်။


အီတလီ နိုင်ငံအတွင်း၊ ထရန်တို ဒေသနှင့် ဗီနီတိုဒေသကြားရှိ အဲလ်ပ်စ် တောင်တန်း၏ အရှေ့ဘက်ခြမ်း မီတာ ၃၃၀၀ ကျော်မြင့်မားသော၊ မာမိုလာဒါ တောင်ပေါ်တွင် ရေခဲမြစ်ပြိုကျမှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။


ယင်းဖြစ်စဉ်တွင်၊ အပျော်ခရီးထွက် သူများ အများဆုံးပါ၀င်ပြီး ကြီးမားသည့် ရေခဲတောင် ပြိုကျမှုကြောင့် ကယ်ဆယ် ရေးလုပ်ငန်းများကို၊ ဆက်လက်လုပ် ဆောင်နေဆဲဖြစ်ကြောင်း ထရန်တိုပြည် နယ်အစိုးရက ပြောကြားပြီး၊ ဒဏ်ရာရမှု (သို့ မဟုတ်) သေဆုံးမှုများ ပြင်းထန်ဖွယ် ရှိကြောင်း ၎င်းက ဆိုသည်။


ဒဏ်ရာရသူများကို ဘီလူနို၊ ထရာ ဗီဆို၊ ထရန်တိုနှင့် ဘိုဇန်နိုမြို့များ၏ အနီးနားရှိ ဆေးရုံများသို့၊ ပို့ဆောင် ထားသည်။ အီတလီတွင် နွေရာသီအစော ပိုင်းက အပူလှိုင်းတစ်ခု ကျရောက်ခဲ့ရာ မာမိုလာဒါတောင်ပေါ်တွင် အပူချိန် ၁၀ ဒီဂရီစင် တီဂရိတ်ထိ ရောက်ရှိခဲ့ကြောင်း ဒေသအာဏာပိုင်များက ပြောသည်။ 

(ref : Reuters)






အခြားဆက်စပ်သတင်းများ