နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်း ပြန်လည်ထူထောင်ရေး ညီလာခံ ဗြိတိန် ဦးဆောင်ကျင်းပမည်

လန်ဒန်၊ ဇူလိုင် ၅


ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ထိခိုက်ပျက်စီးသွားသော၊ ယူကရိန်းနိုင်ငံအား ပြန်လည်နာလန်ထူလာနိုင်စေရန် အာရုံစိုက်ဆွေးနွေးသွားမည့် ညီလာခံတစ်ရပ်ကို ၂၀၂၃ ခုနှစ်တွင် ဗြိတိန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း နိုင်ငံ ခြားရေးရုံးက ဇူလိုင် ၄ ရက်တွင် ထုတ်ပြန်ပြောကြားသည်။


ဗြိတိန်သည် လာမည့်နှစ်တွင်၊ ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် ယူကရိန်းနှင့် အခြားနိုင်ငံများနှင့်အတူ လက်တွဲလုပ်ဆောင်နေပြီး ပြန်လည်ထူ ထောင်ရေးဆိုင်ရာ အစီအမံများနှင့်ပတ်သက်၍၊ ယူကရိန်းနှင့် ၎င်း၏မဟာမိတ် နိုင်ငံများကြား ညှိနှိုင်းကူညီရန်အတွက်၊ ကြီးကြပ်ရေးဘုတ် အဖွဲ့တွင် ပါဝင်မည် ဖြစ်သည်။


ထို့ပြင် ယူကရိန်းသမ္မတ ဇာလန်စကီးကလည်း ကီယက်ဗ်မြို့နှင့်အနီးတဝိုက် ဒေသများ ပြန်လည်ထူထောင်ရာ၌ ဦးဆောင်၍ ကူညီပံ့ပိုးပေးရန် ဗြိတိန်ကို တောင်းဆိုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။ ဗြိတိန်သည် ၄င်း၏ ငွေကြေးဆိုင်ရာ ကျွမ်းကျင်မူများဖြင့် ယူကရိန်းနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု များရောက်ရှိလာစေရန် ကူညီသွားမည်ဟု ကတိပြုထားသည်။ လက်ရှိတွင် ဗြိတိန်သည် နိုင်ငံစုံချေးငွေအတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ အာမခံချက်အပါအဝင် ပေါင်သန်း ၁၀၀ (ဒေါ်လာ သန်း ၁၂၀) ကျော်ကို ကူညီ ထောက်ပံ့သွားရန် သဘောတူထားပြီး ဖြစ်သည်။                     (ref: Reuters)






အခြားဆက်စပ်သတင်းများ