နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေရောင်ခြည်စွမ်းအင်သုံး ကားတစ်စီး အိန္ဒိယသင်္ချာဆရာတစ်ဦးတည်ဆောက်

နယူးဒေလီ၊ ဇူလိုင် ၅


အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားပြည် နယ်တွင် နေထိုင်သော၊ ဘီလာအာမက် ဆိုသည့် သင်္ချာဆရာတစ်ဦးသည်၊ အခြေ ခံလူတန်းစားများအတွက် နေရောင် ခြည်စွမ်းအင်သုံး ကားတစ်စီးကိုတည် ဆောက်လိုက်ကြောင်း သိရသည်။


ဘီလာအာမက်သည်၊ လောင်စာဆီ ဈေးများ မြင့်တက်လာခြင်းကိုသတိပြု မိရာမှတစ်ဆင့်၊ နေရောင်ခြည်စွမ်းအင် သုံးမော်တော်ကားကို ထုတ်လုပ်ရန်ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကပြော သည်။ နေရောင်ခြည် စွမ်းအင်သုံးမော် တော်ကားကို တည်ဆောက်ရန်ချင်းနိုင် ရှိဆိုလာပြားများကို မှာယူခဲ့ပြီး၊ အလင်း ရောင်အားနည်းချိန်များတွင် လုံလောက် သည့်ပါဝါ ထုတ်လုပ်နိုင်ရန်အတွက်၊ ပိုမို ကောင်းမွန်သည့် ဆိုလာပြားများကို အသုံး ပြုခဲ့ရကြောင်း ယင်းက ပြောသည်။ 


ယင်း၏ မော်တော်ကားသည်၊ အံ့သြ ဖွယ်အကောင်းဆုံး ကိုယ်တိုင်လုပ် ပရော့ ဂျက်များအနက် တစ်ခုဖြစ်ပြီး၊ ၁၁ နှစ် ကြာသည်အထိ အကောင်အထည်ဖော် ကာဖန်တီးတည်ဆောက် ထားခြင်းဖြစ် သည်။ ယင်း၏ နေရောင်ခြည်စွမ်းအင်သုံး ကားကို လူအများအသုံးပြုနိုင်သည့် အခြေအနေအထိ ဆက်လက်ကြိုးစား ဖန်တီးသွားမည်ဖြစ်ကြောင်း အာမက်က ဆိုသည်။

(ref: Bloomberg)






အခြားဆက်စပ်သတင်းများ