နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် ပလတ်စတစ်ထုတ်ကုန် တားမြစ်ချက်များ ထုတ်ပြန်

နယူးဒေလီ၊ ဇူလိုင် ၄ 


အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ပလတ် စတစ်နှင့် ပြုလုပ်ထားသည့် ပစ္စည်းသုံး စွဲမှု တားမြစ်ကန့်သတ်ခြင်းကို ဇူလိုင်က စပြီး ချမှတ်လိုက်ကြောင်း ဗဟိုအစိုးရ ကထုတ်ပြန်သည်။


အဆိုပါ ကန့်သတ်ချက်သည် လူဦး ရေ ၁ ဒသမ ၄ ဘီလီယံရှိသည့် အိန္ဒိယ နိုင်ငံအတွင်း လူသုံးများသည့် ပလတ် စတစ်များကို ဖယ်ရှားပြီး အစားထိုးမှု များလုပ်ဆောင်လိုသည့် ဗဟိုအစိုးရ၏ အစီအမံဖြစ်သည်။


ယင်းသို့ ဆောင်ရွက်ရာတွင် ပထမ အဆင့်အနေဖြင့် ပတ်ဝန်းကျင် ညစ်ညမ်း မှုမြင့်မားသည့် ပလတ်စတစ် ထုတ်ကုန် အမျိုးအစား ၁၉ မျိုးကို တင်သွင်းမှု၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုကို တရား မဝင်လုပ်ရပ်အဖြစ် သတ်မှတ်ထုတ်ပြန် ထားသည်။ အဆိုပါ သတ်မှတ်ပစ္စည်း စာရင်းများတွင် ပလတ်စတစ်ခွက်အပြင် ပိုက်နှင့် ရေခဲမုန့်ခွက်များအထိ ပါဝင် ပြီးတစ်ခါသုံး ပလတ်စတစ်အိတ်များ ကိုလည်း အသားပိုထူသည့် အိတ်များ နှင့်အစားထိုးရန် စီစဉ်ထားသည်။


သို့ရာတွင် ရေသန့်ဘူး၊  အာလူးကြော် အိတ်စသည့် ထောင်ချီသည့်အခြား ပလတ်စတစ်ထုတ်ကုန် အမျိုးအစား များပါဝင်မှု မရှိသေးခြင်းကြောင့် ထုတ် လုပ်သူများအနေဖြင့် အဆိုပါပစ္စည်း များကိုအသုံးပြုပြီး စွန့်ပစ်ရာတွင် နောက်ဆက်တွဲကိစ္စများကို တစ်ပါ တည်းတာဝန်ယူရန် ဗဟိုအစိုးရက အသိပေးထားသည်။         

 (ref: CNN)






အခြားဆက်စပ်သတင်းများ