နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်ပြည်တွင်းလေကြောင်းလိုင်းများ mask တပ်ရန် အမိန့်ထုတ်

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၄


နိုင်ငံတစ်ဝန်း ကိုဗစ်ကူးစက်ခံရသူ အရေအတွက် အနည်းငယ်ပြန်လည် မြင့်တက်လာခြင်းကြောင့် ပါကစ္စတန်မြို့ပြ လေကြောင်းအာဏာပိုင်အဖွဲ့က ပြည်တွင်း လေကြောင်းလိုင်းများတွင် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရ မည်ဟု ဇူလိုင် ၃ ရက်တွင် အမိန့်ထုတ်ပြန် ညွှန်ကြားလိုက်သည်။


ပါကစ္စတန်၏ အကြီးဆုံးမြို့ဖြစ်သည့် ကရာချီမြို့တွင် ကိုဗစ်လူနာတွေ့ရှိမှု အချိုးသည် တစ်နိုင်ငံလုံး၏ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက ၂၁ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း အစီရင်ခံစာထွက်ပြီး နောက်တစ်ရက်တွင် ယခုကဲ့သို့ အမိန့်ထုတ်လိုက်ခြင်းဖြစ်သည်။ ပါကစ္စတန်သည် မကြာသေးမီလများအတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှု အလွန်နည်းပါးခဲ့သဖြင့် ကြိုတင်ကာကွယ်မှု အားလုံးနီးပါး ကိုဖယ်ရှားခဲ့သည်။


သို့သော် လွန်ခဲ့သည့် ၂၄ နာရီအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်ကူးစက်မှုအချိုးသည် ၂ ဒသမ ၈၅ ရာခိုင်နှုန်းအထိမြင့်တက်လာပြီး လူနာပေါင်း ၃၈၂ ဦးနှင့်သေဆုံးသူ ၂ ဦးရှိကြောင်း အစ္စလာမ်မာဘတ်အမျိုးသားကျန်းမာရေးသိပ္ပံ NHI က ထုတ်ပြန်ထားသည်။


NIH ၏အဆိုအရ ဆေးထိုးခွင့်ရှိသော ပါကစ္စတန် နိုင်ငံသား ၈၅ ရာခိုင်နှုန်း သည်ကိုဗစ်ရောဂါ ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးဖြစ်ကာ ကူးစက် မှုအနိမ့်ဆုံးသို့ကျဆင်းသွားသဖြင့် ကိုဗစ်အခြေအနေကိုကြီးကြပ်နေသည့် National Command and Operations Center ကိုလည်း ပါကစ္စတန်ကဖျက် သိမ်းထားသည်။     (ref: BBC)






အခြားဆက်စပ်သတင်းများ