နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်တွင် ငွေကြေးဖောင်းပွမှုကြောင့် စားသောက်မှုပုံစံ ပြောင်းလဲသူ များပြားလာ

နယူးယောက်၊ ဇူလိုင် ၄


အမေရိကန်နိုင်ငံရှိ စားသုံးသူထက် ဝက်ခန့်သည် ငွေကြေးဖောင်းပွမှုကြောင့် ယင်းတို့၏ စားသုံးမှုပုံစံကို ပြောင်းလဲ နေပြီဖြစ်ကြောင်း နယူးယောက် သုတေ သီများက ဆိုသည်။


အဓိက အကြောင်းအရင်းသည် မြင့်တက်လာသော ကုန်စျေးနှုန်းများ ကြောင့်ဖြစ်ပြီး သိသာသော စားသောက် မှုပုံစံပြောင်းလဲမှုအဖြစ် လူအများစု သည်စားသောက်ဆိုင်သို့ သွားရောက် ခြင်းနှင့် ဘားဆိုင်ထိုင်ခြင်းများကို လျှော့ ချလာကာ ယင်းကို လူ ၁၀ ဦးတွင် ၈ ဦး ခန့်တွေ့လာသည်။


 ထို့ပြင် စူပါမားကတ်များတွင်လည်း စားသုံးသူများသည် စျေးပိုပေးပြီးလတ် ဆတ်သော စားသောက်ကုန်များကို မဝယ်တော့ဘဲ ရေခဲရိုက်ထားသည့်စျေး နှုန်းသက်သာသော စားသောက်ကုန် များကိုသာ ပြောင်းလဲဝယ်ယူစားသုံး လာကာ လူပေါင်း ၅၀ ရာခိုင်နှုန်းခန့်သည် အော်ဂဲနစ် စားသောက်ကုန်များကိုဝယ် ယူခြင်းမရှိတော့ကြောင်း ဆိုသည်။


အမေရိကန်နိုင်ငံတွင် ငွေကြေးဖောင်း ပွမှုသည် နှစ်ပေါင်း ၄၀ အတွင်း အမြင့် ဆုံးသို့ရောက်ရှိနေပြီး ကုန်စျေးနှုန်းများ သည်လည်း ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၈ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက် လျက်ရှိသည်။


အစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှု အချက်အလက်အပေါ် အခြေခံပြီးကုန် စျေးနှုန်းများကို ထိန်းသိမ်းပေးထား သော်လည်းလျင်မြန်သော ငွေကြေး ဖောင်းပွမှုသည် စျေးနှုန်းထိန်းချုပ်မှုကို အချိန်မီ လုပ်ဆောင်ရန် ကြန့်ကြာနေ မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် အချို့က သုံးသပ်သည်။ 

(ref: Bloomberg)






အခြားဆက်စပ်သတင်းများ