နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှု သုံးဆမြင့်တက်

ဂျီနီဗာ၊ ဇူလိုင် ၄ 


ပြီးခဲ့သည့် သီတင်းပတ် နှစ်ပတ် အတွင်းဥရောပဒေသတွင် မျောက် ကျောက်ရောဂါဖြစ်ပွားမှု သုံးဆ တိုးလာကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO) ၏ ဥရောပအကြီး အကဲက ပြောကြားသည်။


ယခင်က ဖြစ်ပွားမှုရှားပါးသည့် မျောက်ကျောက်ရောဂါကို ကမ္ဘာ့တိုက် ကြီးများတွင် အမြစ်တွယ်လာမှု မဖြစ် စေရန်အတွက် ကမ္ဘာ့နိုင်ငံများအနေ ဖြင့်အကာအကွယ်များ ပိုမိုလုပ်ဆောင် ရန်လည်း ၎င်းက တိုက်တွန်းပြောကြား ထားသည်။ 


လက်ရှိအချိန်ထိ ကမ္ဘာတစ်ဝန်း နိုင်ငံ‌ပေါင်း ၅၁ နိုင်ငံတွင် မျောက်ကျောက် ရောဂါဖြစ်ပွား သူ ၅,၀၀၀ ကျော်ရှိပြီး ပုံမှန်မဟုတ် သည့် ရောဂါဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဗဟိုဌာနက ထုတ်ပြန် ထားသော်လည်း WHO ကမူ အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရသည်။ 


မျောက်ကျောက်ရောဂါ ကူးစက်ခံ ရပါက အဖုအပိမ့်များထွက်ခြင်း၊ ဖျား ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သား နာကျင်ခြင်း၊ အော့အန်ခြင်းနှင့် ချမ်းတုန် ခြင်းကဲ့သို့သော ရောဂါလက္ခဏာများ ပြသမည် ဖြစ်သည်။             (ref: BBC)






အခြားဆက်စပ်သတင်းများ