နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှည့်ကင်းတာဝန်များ ဆောင်ရွက်နေစဉ် လက်နက်ကိုင်ဆောင်သူများကို ဖမ်းဆီးရမိ

ရန်ကုန် ဧပြီ ၄ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် နယ်မြေအလိုက်ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့မှုများ ပြုလုပ်ခဲ့ကြသည်။ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အနော်ရထာလမ်းမပေါ်၌ သိန်းအေး ထံမှ အရိုးအသွား ၉ လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို ဧပြီ ၃ ရက်၊ မွန်းတည့် ၁၂ နာရီခွဲတွင်လည်း ကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အမှတ်(၁၂၄)ရပ်ကွက်၊ မင်းရဲကျော်စွာ လမ်းမပေါ်၌ အောင်မြင့်မြတ်ထံမှ အရိုးအသွား ၆ လက်မခွဲခန့်ရှိ ဓားဦးချွန်တစ်ချောင်းကို ဧပြီ ၃ ရက်၊ မွန်းလွဲ ၂ နာရီတွင်လည်းကောင်း သိမ်းဆည်းရရှိခဲ့ပြီး သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။ (WP)






အခြားဆက်စပ်သတင်းများ