မြန်မာနိုင်ငံမှာ လူသတ်မှုတွေဟာ ဒေါသ မထိန်းနိုင်လို့ ရုတ်ချည်းခိုက်ရန် ဖြစ်ပွားသတ်ဖြတ် မှုတွေ ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး တစ်ခု တည်းမှာပင် ၂၀၁၆ ခုနှစ်က လူသတ်မှု ၁၈၀ မှု ၂၀၁၇ ခုနှစ်မှာ လူသက် ၁၅၆ ဖြစ်ပွားခဲ့တယ်။ အသေးအဖွဲ့ကိစ္စကို အကြောင်းပြုကာ ကြိုတင် ကြံစည်ခြင်းမရှိဘဲ ခုတ်ထစ်သတ်ဖြတ်ခဲ့ကြ တယ်။ ကလေးချင်းရန်ဖြစ်၊ မိန်းမချင်းဖြစ်ရာမှ ယောကျ်ားချင်းသတ်ဖြတ်ခြင်း၊ အကြွေးတောင်း ရာမှ သတ်ဖြတ်ခြင်း၊ အရက်မူးလွန်ကာ ရမ်းကားသတ်ဖြတ်ခြင်းတို့ ဖြစ်ပါတယ်။
ရပ်ထဲရွာထဲ သွေးပူပူနဲ့ သတ်ဖြတ်ကြရာမှာ သက်သေအထင်အရှားရှိလို့ ယင်းမှ မင်းကို ခဲရာခဲဆစ်ပစ်ဆေးဖို့ မလိုဘဲ ပြစ်မှုပေါ်လွင်ကာ၊ ကျူးလွန်သူကို အလွယ်တကူ ဖမ်းမိနိုင်တယ်။ တစ်ခုရှိတာက မိမိကိုအန္တရာယ်ပြု တိုက်ခိုက် လာသူအပေါ် ဥပဒေအရ ကာကွယ်ခုခံပိုင်ခွင့်နဲ့ ရုတ်ချည်းတန်ပြန်သတ်ဖြတ်မှုမျိုးလည်း ပါဝင် နိုင်သေးတယ်။ လူသတ်မှုပုဒ်မ ၃၀၂ မြောက် တယ် (သို့) မမြောက်ဘူးပေါ့။
အခြားအသတ်ခံရမှုတွေမှာ သောင်းကျန်းသူ တို့ သတ်ဖြတ်ခံရခြင်း တိုက်ပွဲမှာ သတ်ဖြတ်ခြင်း လမ်းပိတ်ဆို့ကာ ခရီးသည်များ ပစ်ခတ်သတ်ဖြတ် ခြင်း၊ ဆတ်ကြေးမပေးနိုင်လို့ ရွာပြင်ထုတ်ကာ သတ်ဖြတ်ခြင်း၊ နိုင်ငံရေးပဋိပက္ခနဲ့ သတိဖြတ် ခြင်းတို့ ဖြစ်တယ်။ လူသိရှင်ကြားသတ်ဖြတ်တာ ဖြစ်လို့ အသတ်ခံရပုံက ထင်ရှားပါတယ်။ သေနတ်နဲ့ပစ်ခြင်း၊ ဓားနဲ့ခုတ်ခြင်း၊ လှံစွပ်နဲ့ ထိုးခြင်း၊ ညှင်းပန်းနှိပ်စက်လွန်းခြင်းတို့ ဖြစ်နိုင် ပါတယ်။
ရန်ညှိုးရန်စကြောင့် လက်စားချေသတ်ဖြတ် ခြင်း (Verigeful Homicide) မိမိအကျိုးထိခိုက်လို့ အပြီးဖွဲ့တိုက်ခိုက်ခံရလို့ သတ်ဖြတ်ခြင်းများ ရှိသေးတယ်။ ကြိုတင်စီစဉ်ထားတဲ့ သတ်ဖြတ်မှု များ ပေါ်ပေါက်လာတယ်။ ဓားပြမှုမှာ လူသတ်မှု တွေ ရောပြွမ်းနေတတ်တယ်။ ဓားပြတိုက်စဉ် မျက်နှာသိဓားပြဖြစ်နေလို့ အိမ်ရှင်ကိုသတ်ခြင်း၊ အိမ်ရှင်ရဲ့ ခုခံမှုကို မမျှော်လင့်ဘဲ ကြုံကြိုက်ရလို့ အိမ်ရှင်ကို သတ်ဖြတ်လိုက်ခြင်း၊ အိမ်ရှင် မအော် နိုင်အောင် ပါးစပ်မှာ အဝတ်ဆို့ခြင်းကြောင့် လေမွန်းသေဆုံးခြင်းစတဲ့ ဓားပြတိုက်လူသတ် ခြင်း ဖြစ်ရပ်တွေရှိပါတယ်။ အသတ်ခံရနည်း (Methods of homicide) ကြိုးဆွဲချလျက် ကြိုးတန်းလန်းနဲ့ တွေ့ရတဲ့အလောင်းကို လူသတ်သမားလက်ချက်လို့ မဆိုနိုင်ဘူး။ လူတစ်ယောက်ကို သတ်ဖြတ်ဖို့ အစီအစဉ် အများအပြားလိုအပ်ကာ လွယ်ကူမှုမရှိတာကြောင့် ကြိုးဆွဲချသတ်ဖြတ်ဖို့ မစဉ်းစားကြဘူး။ ရေထဲက ဆယ်ယူရရှိတဲ့ အလောင်းမှာ ဓားဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေ့ရင် အသတ်ခံရမှု ထည့်သွင်း စဉ်းစားရမှာဖြစ်တယ်။
ရုတ်တရက်သတ်ဖြတ်မှုတွေမှာ ထင်ရှားတဲ့ အသွင်ပြင်ရှိတယ်။ အစီအစဉ်ကင်းမဲ့စွာနဲ့ သွေးပူပူ သတ်ခြင်းမျိုးဖြစ်ရာ အနီးလက်လှမ်းမီတဲ့ လက်နက်ကို သုံးလေ့ရှိတယ်။ ဆံပင်ညှပ်သမားက ကပ်ကြေး၊ ဓားနဲ့ ထင်းခုတ်သမားက ပုဆိန်နဲ့ စစ်သားက သေနတ်နဲ့၊ နီးစပ်ရာလက်နက်နဲ့ ထိုးကြ၊ ခုတ်ကြခြင်းဖြစ်ကြတယ်။
ရုတ်တရက် သတ်ဖြတ်မှုတွေမှာ လုံးထွေးသတ်ဖြတ် ပွန်းပဲ့ ဒဏ်ရာ၊ ဖူးရောင်ဒဏ်ရာတွေ ရရှိတတ်တယ်။ ရုတ်တရက်ခိုက်ရန်ဖြစ်ပွားစဉ် လက်နက်အသုံး မပြုဘဲ လည်ပင်းညှစ်သတ်ခြင်းတွေလည်း ရှိပါတယ်။
အေးအေးနဲ့ သတ်ဖြတ်မှုမှာ လက်သည် မပေါ်ဘဲ သဲလွန်စမကျန်နိုင်တဲ့ လျှို့ဝှက်ချက် နည်းလမ်းကို အသုံးများတယ်။ အဆိပ်ခတ်ခြင်းနဲ့ သတ်ဖြတ်တယ်။ အဆိပ်ကြောင့် သေဆုံးရာမှာ ထင်ရှားသိလွယ်တဲ့ ရုတ်တရက်သေဆုံးနိုင်တဲ့ အဆိပ်မျိုး (ဥပမာ ကော့စတစ်၊ ငရဲမီးစသဖြင့်) ကို အသုံးပြုထားရင် လူသတ်မှုဖြစ်လို့ ခဲယဉ်းလှပါ တယ်။ သတ်ဖြတ်ဖို့ အကောင်းဆုံးအဆိပ်က အရောင်အဆင်း အနံ့အရသာကင်းမဲ့တဲ့ အဆိပ် မျိုးဖြစ်ပြီး တိုက်ကျွေးပြီးနောက် အချိန်အတော်ကြာ မှ အဆိပ်လက္ခဏာတွေ ပေါ်ထွက်လာမယ့် အဆိပ် မျိုးဖြစ်တယ်။
တစ်စုံတစ်ရာလက္ခဏာနဲ့ ဆင်တု ရင် ပိုပြီးကောင်းမွန်တယ်။ (ဥပမာ စိန်ဖြူ) ရှားရှား ပါးပါး လူသတ်မှုကျူးလွန်ရာမှာ ရေထဲတွန်းချ ခြင်း အဆိပ်ငွေ့သင့်စေခြင်း လျှပ်စစ်ဓာတ်လိုက် စေခြင်းတို့ဖြစ်တယ်။
ဓားပြတိုက်စဉ် လူသတ်မှုကျူးလွန်ရာမှာ ဓားမြှောင်နဲ့ ထိုးခြင်း သေနတ်နဲ့ ပစ်ခြင်း၊ မအော် ဟစ်နိုင်ဖို့ ဦးခေါင်းကိုအိတ်စွပ်ခြင်း ပါးစပ်နဲ့ နှာခေါင်းကို အဖက်စည်းနှောင်ခြင်း၊ ပါးစပ်အတွင်း သံပုရာသီးသွင်းထားခြင်းစတဲ့ နည်းကိုသုံးကြလို့ ယင်းလက္ခဏာများ အတွေ့ရများတယ်။ ထူးခြား ချက်တွေ ရှိပါတယ်။ (၁) ဒဏ်ရာနဲ့ တည်နေရာ (Situational of Wound) ဒဏ်ရာနဲ့ တည်နေရာမှာ လူကိုသေစေနိုင်တယ်တဲ့ ချက်ကောင်းနေရာနဲ့ တကွ အခြား ဘယ်နေရာမျိုးမဆိုဖြစ် အကန့် အသတ်မရှိ တည်ရှိနိုင်ပါတယ်။ လည်မျိုကို အတီး ခံရရင် ဒဏ်ရာဟာ စလုတ်နဲ့ အောက်ဘက်မှာ တည်ရှိတတ်တယ်။ တုတ်ဒဏ်ရာ၊ ဓားဒဏ်ရာတို့ ဟာ ဦးခေါင်းမှာ ရှိတတ်ပြီး၊ ထိုးသွင်းဒဏ်ရာက ရင်အုံဝမ်းဗိုက်နဲ့ လည်မျိုမှာ ရှိတတ်တယ်။ တစ်ပါးသူပြုလုပ်လို့ရတဲ့ ဒဏ်ရာ (သို့) ခုခံ ကာကွယ်ဒဏ်ရာ (Defence wound) ဒဏ်ရာ တည်နေရာ၊ ဒဏ်ရာရဲ့လမ်းကြောင်း၊ ဒဏ်ရာရဲ့ အလျားလိုက်အနေအထားတို့က ဒဏ်ရာဟာ ကိုယ်တိုင်ပြုလုပ်တဲ့ ဒဏ်ရာမဟုတ်၊ တစ်ပါးသူ ပြုလုပ်လို့ရတဲ့ ဒဏ်ရာဖြစ်ကြောင်း ထင်ရှားတဲ့ အသွင်ကိုဆောင်နေတတ်ပါတယ်။
ဒဏ်ရာအရေအတွက်နှင့် ပြင်းထန်ပုံ (Number extent of Wound) ဒဏ်ရာတစ်ချက်တည်းမှ အချက်ပေါင်းများစွာ တွေ့ရတယ်။ သေနတ်ဒဏ်ရာ ဓားဒဏ်ရာ၊ ဓားခုတ်၊ ဓားထိုးဒဏ်ရာတို့ မြောက်များ စွာတွေ့ရပြီး ယင်းတို့ဟာ ပြင်းထန်တဲ့ဒဏ်ရာဖြစ် ရင် လူသတ်မှုလို့ ဆုံးဖြတ်ချက်လွဲမှားဖွယ် မရှိနိုင် ပါ။ ပြင်းထန်တဲ့ သက်ပျောက်ဒဏ်ရာတို့ တွေ့ရ နိုင်ပါတယ်။ သွယ်ဝိုက်သက်သေများ (Crcum Stuntial evidence) လူသတ်သမားမှာလည်း ပတ်ဝန်းကျင်သက်သေများ (Circumstartial evidence) ပေါ်လွင်ထင်ရှားနေတတ်တာလဲ။ လူသတ်သမားရဲ့ အဓိက ရည်ရွယ်ချက်ကို အကြောင်းခံကာ၊ ပတ်ဝန်းကျင်သွင်ပြင်များ ပေါ်ပေါက်လေ့ရှိတယ်။ ဥပမာ လက်ဝတ် လက်စားရွှေငွေရတနာ စတာတွေ အလိုရှိလို့၊ လူသတ်ရင်၊ ယင်းပစ္စည်းပျောက်ဆုံး နေတတ် တယ်။
ပတ်ဝန်းကျင်ရှိပစ္စည်းတွေ ဖရိုဖရဲ ဖြစ်နေတတ်တယ်။ အသတ်ခံရသူဟာ ချက်ချင်း မသေဆုံးဘဲ လှုပ်ရှားမှုပြုခဲ့ရင်၊ ပတ်ဝန်းကျင် အနှံ့အပြားမှာ သွေးတွေပေကျံလေ့ရှိတယ်။ ဒဏ်ရာရတဲ့နေရာမှ တစ်ခြားတစ်နေရာကို သွေးရူးသွေးတန်းနဲ့ လမ်းလျှောက်သွားရင်လည်း လမ်းကြောင်းတစ်လျှောက် သွေးတွေ တွေ့ရ တယ်။
အိပ်မောကျနေတဲ့အချိန် အသတ်ခံရရင်း အိပ်လျက်ရှိစဉ် အနေအထားအတိုင်း အင်္ကျီ အဝတ်အစားနဲ့ အခင်းနေရာတွေပေါ်မှာ သွေးတွေ ပေကျံလျက် တွေ့ရနိုင်ပါတယ်။ အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်မှာ သေသူနဲ့ မသက်ဆိုင်တဲ့ သူတစ်ပါး ပစ္စည်း (ဥပမာ-အမွေးအမျှင်၊ ဖိနပ်၊ ဦးထုပ်၊ ဆေးလိပ်တို့၊ လက်ကိုင်ပုဝါ၊ လွယ်အိတ်၊ လက်နက်နဲ့ အခြားသူ အသုံးအဆောင်တွေ ကျန်ရစ်ခဲ့ရင် အဲဒီလိုသေဆုံးရခြင်းဟာ အသတ်ခံ ရလို့၊ သေဆုံးရခြင်းလို့ ယူဆဖို့ရှိတယ်။ အလောင်း ရဲ့ ခန္ဓာကိုယ်ပေါ်မှ ဒရွတ်တိုက်ဆွဲရာတွေ၊ အလောင်းနဲ့ ပတ်ဝန်းကျင်မှာ ဒရွတ်ဆွဲ လမ်းကြောင်းတွေ တွေ့ရပြီး၊ အလောင်းဟာ သေဆုံးတဲ့နေရာမှာ အခြားတစ်နေရာကို ပြောင်းရွှေ့ခံထားရတဲ့ အနေအထားရှိရင် လူသတ် မှုလို့ ယူဆဖို့များပါတယ်။
မတော်တဆ ထိခိုက်သေဆုံးမှုမျိုးဖြစ်နိုင် တယ်။ ဥပမာ ဓာတ်လိုက်သေဆုံးခြင်း၊ မိုးကြိုးပစ် ခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မြေစာပုံ ပြိုကျခြင်းစတဲ့ ကံကြမ္မာအလျောက် မလွဲမသာ မရှောင်သာဖြစ်ပေါ်ခြင်းတို့ကြောင့်၊ သေဆုံးကြ ရတယ်။ တစ်ခါတစ်ရံ သူတစ်ပါးပေါ့ဆမှုကြောင့် မသက်ဆိုင်သူတစ်ဦးဦး ထိခိုက်မှုဖြစ်ပွား စေတတ်တယ်။ လေယာဉ်ပျက်ကျခြင်း၊ ယာဉ် တိမ်းမှောက်ခြင်း၊ ယာဉ်တိုက်မိခြင်းတို့ ဖြစ်နိုင် တယ်။
အချို့က မျှော်မြင်ဆင်ခြင်တုံတရား ခေါင်းပါးပြီး အကျိုးအပြစ်မမှန်းနိုင်လို့သေဆုံးခြင်းမျိုးဖြစ်နိုင်တယ်။
ဥပမာ မူးယစ်ဆေးဝါးသုံးလွန်လို့ သေဆုံးခြင်း အိပ်ဆေး သောက်လွန် သေဆုံးခြင်းတို့ဖြစ်တယ်။ မီးရထားမှောက်ခြင်း၊ လေယာဉ်ပျက်ကျခြင်း၊ သတ္တုမိုင်းပြိုကျခြင်း၊ မုန်တိုင်းသင့်ခြင်းစတာ တွေကြောင့် သေဆုံးမှုမှာ ဖြစ်ပျက်ပုံပေါ်လွင် ထင်ရှားနေလို့ မတော်တဆ ထိခိုက်မှုဖြစ် ကြောင်း အတည်ပြုဖို့ မလိုပါဘူး။ နောက်နောင် သည်လိုမဖြစ်အောင် ကြိုတင်ကာကွယ်နည်းစနစ် တွေ ကျင့်သုံးရမယ်။
လူသတ်မှုနဲ့ ဥပဒေရေးရာဆေးပညာပါ "ဆရာဝန်ဆေးစာထွက်ချက်"မှာ အပြင်းထန် နာကျင်စေမှု ပုဒ်မ (၃၂၀) ကလည်း အရေးကြီး တယ်။ မြောက်ပါတယ်။ ဒါကြောင့် လူသတ်မှုတိုင်း သက်သေ (သက်ရှိ/ သက်မဲ့တို့လိုအပ်သလို) "ဆေးစာ" ကလည်း အရေးကြီးတယ်။ဒေါက်တာ လွင်သန့်